မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Thursday, 29 September 2011

မြောက်ဦးအလွမ်း

မိုင်းမှုံသာစွ ထိုဌာနမှာ
ထုံးဖြူဘုရား လက်ညှိုးညွန်းရာ
တည်ဟိလီရေ အမျိုးသီလ
ဂုဏ်တင်ပြဖို့ အခိုင်အမာ
စံတင်ထိုက်တေ ဌာနီလှမှာ
ကွေ့လီကွေ့ပတ် နဂါးပတ်လား ထင်ယောင်မှားစီ
မြို့ဝင်မြို့ပတ် သွယ်သွယ်ရဈာယ် တောင်ဆိုင်ကြားမှာ
မြို့ရောင်ဖျောက်လို ဟိလီယင့် ..။

စကားနှင့်ကျော် ငါးမာန်ပုထိုး
အဖသျှစ်သောင်း သားကိုးသောင်းဟု
ထုက္ကန်သိမ်နှင့် လောင်ပွန်းပြောက်ကို
ဖူးဇောင်လားတုန်း အနုစိပ်လက်ရာ မွန်ခလီရေ
သုခုမကို အံ့ဖူးပါယင့် ငါရို့ပြည်ကို
စန္ဒမုနိ မြတ်ဆင်းထုမှာ ဆုတောင်းဖူးရေ
(မြီကိုငါချစ် တီဖြစ်ကေလည်း တီရာဖြစ်ရပါလို၏) လို့ .. ။

အဆူဆူသော ထိုထိုဘုရား
ကိန်းဝပ်သည့်မြို့
မယိုင်ဓလေ့ အစဉ်ဆက်ကာ
ထွန်းကားလီယင့် ရာဇ၀င်နှင့်
ဤမြို့လည်းရွှေ ရွှေလည်းရွှေဟု
တင်နှိုင်းခရေ ထိုဓညမြို့
ဘုရားအရိပ် ရင်ငွေ့လှုံကေ
အီးချမ်းလီယင့် အီးချမ်းယင့်လေ ..၊

နန်းရာဟောင်းနှင့် မြို့ရိုးကြားမှာ-
ဓည၀တီကျောင်းဝင်းထဲမှာ-
အံတော်သိမ်ဘုရားရှိမှာ-
သက်သီတည်ကေ ဆုတောင်းမိရေ

(ငါတိုင်းပြည်က ကျောက်ခဲကျိုးတောင် ငါချစ်ပါယင့်၊
အကြိမ်တသောင်း ငါသီကေလဲ့
အကြိမ်တသိန်း အေလူမျိုးရာ ပြန်ဖြစ်ချင်ယင့်) လို့ ..။

ဆောင်းဝင်တခေါက် လည်ဇောင်ရောက်တု
မြုံနှင့်နှင်းရို့ အာရုံဦးမှာ
ဘုရားနှင့်ပန်း အဆင်းဟပ်လို့ အလှဆင့်ရေ
မကြွီတ၀ှက် ကြွီတ၀ှက်နှင့်
ရိုးလှသန္တာ ရနံ့ရင်မှာ ကျန်ပါသိမ့်ရေ ..။

ရခိုင်သူဆံထက် သဇင်လှိုင်ကေ
ထိုမြို့ အရပ် မြို့မြောက်ဦးမှာ
ရွှေတူငွေတူ ဇရက်ဖြူနှင့်
ဆောင်းပန်းဆောင်းရက်
နှင်းကြာတောမှာ အပျော်ဘ၀င် လီဟပ်လားဗျာယ်
အနော်မာကန်ဘေး
အ၀ါရောင်ပန်းတပွင့် ပန်းရိုင်းဆိုလည်း ပန်းဖူးခရေ
အလည်ရောက်ဖူး နန်းရာမြို့လေ စိမ်းရိပ်ခြုံရေ
မြို့မြောက်ဦးကို အောက်မိရေ ..၊


စောစစ် (ဒေ၀ီ) 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

အိုရိုးလှသန္တာ

အတွေးတစ်ခေါက် ငါအောက်မေ့လို
ငါ့မျက်ရိပ်ဝယ်
သောင်စွန်း သောင်ပြင် လှိုင်းသံလေသံ
ကမ်းရိပ်ပြင်နှင့် စင်းရင်းဝပ်သော
အိုကမ်းသန္တာ..

ငါ့သွေးအဆက် ထီးရိပ်စိုးခဲ့
နန်းသွေးအစဉ် ရာဇ၀င်နှင့်
သင့်လှဂုဏ်ဖြာ ကမ်းသာယာမှာ
ပြာလဲ့ပြာသင်း ပြာညိုမှိုင်းသည့်
အုန်းရိပ်စိမ်းစိမ်း
တောင်ကြီးရိုးမ ၀မ်းစင်လေသည့် အိုဖ၀တီ..

တိုင်းခြားကမ္ဘာ ငါရောက်နေသည်
တိုင်းခြားဘာသာ ငါပြောနေသည်
တိုင်းခြားအစာ ငါစားနေသည်
တိုင်းခြားဓလေ့ ငါကျင့်နေပြီ
ကိုယ်မြေကိုယ်ရပ် ငါစွန့်ခဲ့လည်း
မစိုးရိမ်နှင့်
ငါ့ဝိညာဉ်ကား မြစ်လေးဖြာထဲ
နှန်းနှစ်မြေစာ အရိုးကြွင်းလို့
ငါချစ်ဆဲပါ ရိုးလှသန္တာ..

ရှစ်သောင်းဘုရား တည့်မြဲသရွှေ့
ကုလားတန်းမြစ်ကြီး မတိမ်ကော့သရွှေ့
ရိုးမတောင်ကြီး မပြိုနိုင်သရွှေ့
ငါစိတ်ခန္နာ မပျက်သုန်းသရွှေ့
ငါကား ရခိုင် သာကီမျီုးဟု
အနွယ်ချစ်ဆဲ မျိုးချစ်ဆဲပါ အိုကမ်းသန္တာ..

မယ်မဒီ 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

စိုးမဲကျီနှင့် ဆံတော်ရှင်

မှုန်ဝါးမှိုင်းမှိုင်း မြုံနှင်းပြာကြား
နှုင်းစက်နှင်းပေါက် တစ်ဖောက်ဖောက်နှဲ့
မြောက်ပြန်ဆောင်းဦး အာရုဏ်ဦးမှာ
ညှာတံရိုးပေါ် နှင်းရည်ခိုတွဲ
သဇင်ပေါ်သည့် ဆောင်းပြာသိုလ် .. .. ..

လှိုင်းသံကွယ်ပျောက် ရေပြင်ငြီမ်သက်
တောင်းစိုင်ကျောဘက်
ကမ်းလွှန်ဖျားက သုံးလူအသျှင် ဘုရားမြတ်စွာ
ဆံတော်ဦးကို လူရစ်နတ်ရစ် ပူဇော်ထူးကဲ့
လရောင်ဆန်းကျင်း အခါရောက်လတ်
ပြာသိုလ်လဆို ဆောင်းအေးဆောင်းချမ်း တမူထူးလို ရင်မှာ အလွမ်းပိုရေကာ .. .. ..

မေးတုံချမ်းခိုက် အာရုံဦးမှာ
နှင်းရင်ြပင်ကြား ထိုးဝင်းဖောက်လို ထူးသည့်အပျော်
ရင်မှာလှိုက်လို့ ဦးတင်မျော်မှန်း စေတီကြီးဆီ
ပင်လယ်ရွက်လွှင့် ခရီးနှင်းခဲ့ စိုးမဲကျီးမ ရွာကိုလေ...

ပင်လယ်ပျော်သူ အကျွန်ရင်မှာ
စိမ်းပြာရေနှင့် သဲဖြူပြင်၊
တောင်းရိုးလမ်းကျဉ်း ကျူရိုးတံတား ၊
ဝါးရွက်တိုက်သံ တစ်တောင်တက်ဆင်း တောင်လေသံလည်း ပြန်ကြားရေ .. .. ..

နှောက်သံပြောင်သံ အမောဆို့သံ
ရယ်မောသံကြား စမ်းရေကျသံ ငှက်ကျေးသံနှင့်
တမှုထူးကဲ့ မြိုလူမျိုးရို စကားသံ
ခမီးအိမ်ထက် ဘူးသီးခြောက်နှင့်
ငါးခြောက်ဟင်းလည်း လွမ်းရေပင်

အိုဆောင်းပြာသိုလ် လရောင်လွမ်းပြည့်
သံယောင်းလိုက်လို ငါရင်အလွမ်း ကမ်းခြေဖျားက
ကျောက်မှိုကျောက်ခက် အဖြာဆက်လို
တောင်စွယ်တောင်ဝန်း အပင်သိုင်းလို
သဘာဝသည် ခရုချေကောက် လည်ဆွဲဆင်ခ

ကျောက်ချောကျောက်လှ အိမ်ပြန်သယ်ဖို
ကျောက်ကောက်ပြန်ခ ဖူးရေ လေ .. .. ..

အစဉ်တစ်နှစ် မရောက်မနိုင်
အမောမ၀ အပျော်မဝ
ခြေတော်ရာလမ်း တမ်းတမဝ
သိမ်းတော်ရာလည်း လွမ်းမ၀ကာ
အကျွန်ရင်လည်း မျှော်သူစောင့်လို့

လမပြည့်ခင် အချိန်အမှီ အကျွှန်ချစ်သူ
အရင်ဗြီးလတ် လည်စောင်းတစ်ခေါက်
ဆံတော်ရှင်ကို ဘုရားဖူးဖို့
လက်ချင်းဆက်ကာ လားကတ်မယ် .. .. ..

( ဆံတော်ရှင် ဘုရားပွဲအား အမှတ်တရ ပြန်လွမ်းခြင်းဖြစ်ပါသည်)
စောစစ် 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

ကျောင်းလားပါဝေ အိုအဘုချေ




အို အဘုချေ ``ပါပါ ၀ါ ``
ပါပါ ငါးဖမ်းလားခယင့်
မေမေ ၀ါ မေမေရေ( ရီ )ခပ်လားခယင့်
ဘောင်ဘောင်ဝါ ဘောင်ဘောင်
ဆန်ဖွတ်ရှိလီယင့်
ဖိုးဖိုး ၀ါ ဖိုးဖိုးဟင်းရှာ (ရာ) လား လီယင့်
အဘုချေ ၀ါ အဘုချေ
ကမ်းနားယောင်ဗျလ် ၀ါးဖောင်ဆင်းတက် လုပ်နီယင့်
ဝါးဖောင် ၀ါ ၀ါဖောင် ကမ်းနားမှာ ရှိလီယင့်
ကမ်းနား ၀ါ ကမ်းနားမှာ ကျောင်းဆောက်ထားယင့်
ကျောင်း ၀ါ ကျောင်းမှာ ကျောင်းစောင့်တစ်ယောက် ရှိလီယင့်
ကျောင်းစောင့် ၀ါ ကျောင်းစောင့် အိမ်မှာ အိပ်နီယင့်
အိမ် ၀ါ အိမ်မှာ ဘုရားရှိလီယင့်
ဘုရားဝါ ဘုရားပန်းအိုးရိုး ညိုးနီယင့်
ပန်းဝါ ပန်းကို ပိုးဖျက်လို့ ပျက်လီယင့်
ပိုးဝါ ပိုးကို နွားအိုးစားလီယင့်
နွားအို ၀ါ နွားအို အဘုချေ ကျောင်းနီယင့်
အဘုချေ ၀ါ အဘုချေ ရခိုင်းသားဖြစ်လီယင့်
ရခိုင်ဝါ ရခိုင် အမျိုးချစ်လီယင့်
အမျိုးဝါ အဆက်တုံးလီယင့်


အိုအဘုချေ
ဖွဲပုံမှာမှောက် ကိုယ် ကားဗလာ ဗိုက်ပူကားဖြင့်
ဂလေးရိုက်တေ ကျောင်းခေါင်းလောင်းသံ မကြားလားဝေ

အိုအဘုချေ
နွားကျောင်း ကျွဲကျောင်း အိမ်လုပ်ကူလို့
လေးခွတစ်လက် လက်တည့်စမ်းဗျလ် ငှက်ပစ်ပျော်ရေ
အရိုင်းစိုင်းချေ ကျောင်းခေါင်းလောင်းသံ မကြားလာဝေ

အိုအဘုချေ
အဖိုးအစိုင် လူယဉ်ကျေးက သားဆိုးတဖြာ
ဂုဏ်ငယ်မွဲလို့ ငါရို့လက်မှာ မျိုးညံ့ခရေ
တစ်ယောက်အကောင် လူရောင်တင့်လို့ အရာမရောက်ဝေ
နှစ်ယောက်အကောင် လူရာရောက်လည်း ခရီးမရောက်ဝေ

ငါ့အမျိုးက စာရွက်မကိုင်း ဓါးကို ကိုင်းလို ထင်းခွတ်လားတုံး
ငါ့အနွယ်က ဘောပင်မကိုင်း တက်မကိုင်းကို ငါးဖမ်းလားတုံး
ငါ့မိသားစု ပြောင်းဂျီကိုင်းလို့ မီးမွေးတုံးဆို
ငါ့လက်စက်ပေါ် တင်နီရလည်း ကျောမအီးဝေ


အိုအဘုချေ
ငါရို့ အမျိုး သာဂီမျိုးလို့ လူကြားထုတ်ပြ ဂုဏ်ယူဝင့်ဖို့
ငါ့ရို့အနွယ် အာရီယန်လို့ လူသူရှေ့မှောက် မာန်ဂုဏ်တင့်ဖို့
သမိုင်းအဆက် ငါရို့လက်ကျန် အမွေဟောင်းကို မင်းလက်ခံဖို့



အိုအဘုချေ
မေမေ ဆဲသံ စာမတတ်လို့ ရိုင်းစွာရာပါ
ပါပါ ဆဲသံ စာမတတ်လို့ နားခါးစွာပါ
သားချေအလှည့် ပါပါဖြစ်ကေ
သမီးချေအလှည့် မေမေဖြစ်ကေ ဆုံးမစီဖို့
ကျောင်းခေါင်းလောင်းသံ ခေါ်နီဗျလ်ဝေ
ကျောင်းလားပါဝေ အိုအဘုချေ .. .. .. 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

ရခိုင်သာခြင်း (၂)

လွမ်းမိုဃ်းဆင်ကေ။ လွမ်းရေမိုဃ်းပေါက်။ လွမ်းပင်လယ်မှာ။ လွမ်းရီလှောက်လို့။ ကျိုးပေါက်ထီင်္းစည်။ ပြန်လည်စိုက်ဆောက်။ တို့ရွီပြည်မှာ။ မဖြစ်မြောက်လိမ့်။ ကံမှောက်သောခါ။ ရောင်ဝါတေဇ။ ဘုန်းမီးလောင်ကေ။ ပြောင်ထွန်းပလည်း။ လောကတံထွာ။ ဓမ္မတလျောက်။ ပျက်ကိန်းကြုံကေ။ ပျက်တုံမြောက်၏။ အထောက်များစွာ။ ရှေးသောခါဝယ်။ ရက္ခာပူရ။ မြေနက်သန်လေ။ တိုင်းဓညတွင်။ ရက္ခနွယ်စိုင်။ သတင်းလှိုင်လျက်။ သင်းကြိုင်ပျံ့မွှီး။ သောင်းလုံးခြုံကေ။ အောင်းစည်တီးလို။ ခိုင်ဖြီးများစွာ။ တတ်ပညာလည်း။ ရောင်ဝါမညှိုး။ တို့ရွီပြည်မှာ။ တိုးကြီးတိုးလို့။ ရှေးရိုးဖြစ်ထွေ။ အသွယ်သွယ်ကို။ ခုဝယ်လူများ။ ကုန်အစင်လေ။ မသိငြားဘဲ။ ဆုတ်ပါးပျောက်ကွယ်။ လစန္ဒာကို။ တိမ်လွှာတိမ်ထပ်။ လွှမ်းသည့်နှယ်လေ ။ 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

ရခိုင်သာခြင်း (၁ )

ဘုရားဆူဆူ။ ပွင့်တော်မူကေ။
ဇဗ္ဗူမဏ္ဍလ။ ကျွန်းထက်ဗွီမှာ
ရွီဓညဟု။ နာမတံခွန်။သတင်ဝှန်လျက်။
မင်းမွန်စိုးမြတ်။ သကျနွယ်လေ ။
သာကီနတ်တို့။ စီုးလတ်သော့ခါ။
ထက်ဝဠာဝယ်။ ဖယ်ဝါနီးနန်း။သူရိယာလေ။
လျှံဖြာထွန်းသို့။ မနွမ်းရောင်ဝါ ။
သာသနာနှင့်း။ ဘာသာသိပ္ပ။
တိုင်းလုံးခြုံကေ။ စုံပြည့်ဝလျက။်
ဇေယျဇေယျာ ။ သပြီညာမှာ။
ရွီစာသမိုက် ။ တိုင်းရခိုင်မှာ။
မော်ကွန်းစိုက်လို့။
ရှေးဖြစ်ကုန်စင်။ တွေးလိုက်လျှင်မှု။
ဘ၀င်မချမ်း။ လစန္ဒာကို ။ ရာဟုဘမ်းသို့။
ညိုးနွမ်းမရွင် ။ လွမ်းရှိန်မပြတ်။
လွမ်းတိမ်ထပ်မှာ။ လွမ်းမိုဃ်းဆင်ရေ။

မှတ်ချက်။ ။ ရခိုင်သာခြင်း မှ (ဗွီ )ဟူသော စာလုံးအသုံးအား နားမလည်ဖြစ်နေပါသည်။ သို့သော် အေသာခြင်း ကို လွန်ခရေ ၁၅နှစ်ဝန်ကျင်ကပင် စပြီးနှစ်သက်ပါရေ ။ ရခိုင်သမိုင်း ရာဇာဝင်ကျမ်း စာအုပ် စာမျက်နှာ-၁၇၉ ရွက်ပါ အခမ်းဆက်(၉)ခမ်းပါ အောင်သာဦး ၏ စာအုပ်မှ ကူယူဖော်ပြခြင်းဖြစ်ပါသည်။ ရခိုင်း- ၁၃၂၈-ရခိုင် တပို့တွဲလ္ဆန်း-၁၂ -ရက်-တနင်္ဂနွေ ( ရွီဗန်း) လို့ စာအုပ်ပိုင်ရှင် ပါပါ ရက်စွဲတပ်ထားခပါရေ။ 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

Wednesday, 28 September 2011

မျက်ရည်တွင်း

အနီမတတ်ရေ ငါနလုံးသားတစ်ခု
ပြန်ပြင်မရရေ အလွမ်းကြောမှာ
ဒေနီဒေရက် ဒေအချိန်ကို ကျော်ဖြတ်ရစွာက
အသူရာတွင်းထဲ လက်ပိုက်ဗျလ် ကူးစွာရာကာ

မင်းအသံကို ကြားချင်လို့ လွမ်းရေ
လွမ်းလို့ မင်းအသံကို ကြားချင်ရေ
မင်းအသံကို ကြားချင်လို့ အိမ်မက်မက်တယ်
အိမ်မက်မက်ကေ ပိုလွမ်းရေ ...

ဆုံးဖို့သိမ့်လား ငါကူးနီရေ ပင်လယ်က
အစလည်းမရှီ အဆုံးလည်း မရှီ
လွမ်းချင်တိုင်း လွမ်းနီလို့
မေခလာ လာဆယ်တောင် ငြင်းပြီး လွမ်းဖို့သိမ့်...

အလွမ်း ဆည် ဆောက်ကာ
ငါ့ရင်ဘတ်မှာ မျက်ရည်တွင်း တူး ဗျလ်
ဆုံးနိုင်ရေ နီ့ကို ရောက်ဖို့လေ . . . . 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။