မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Wednesday 26 October 2011

အသားထဲကလောက်တွေကို အရင်ရှင်း..

ကျမ ငယ်ငယ်.
အဖိုးကို မြင်တာနဲ့ ကြောက်တယ်။
မျက်နှာပေါ်က မီးလောင်ရာအမာရွတ်ကြောင်း
လက်သည်းမရှိ ကျွတ်နေတဲ့ လက်ချောင်း
ကျိုးနေတဲ့သွားများ..ကုန်းနေတဲ့ခါး
အဖိုးဟာ မကြည့်ရဲစရာ ပုံပြင်ထဲကတာတေ

တကယ်ဆို

အဖိုးဟာ ဖက်စစ်ရဲ့သားကောင်
ညီမငယ်ကို ဂျပန်ဆွဲ..လှံနဲ့ ထိုးရဲတဲ့မောင်.
ဂျပန်ပြောက်ကျား တပ်သားကောင်း
မြေအောက် တော်လှန်ရေးသားမောင်.
ကံမကောင်း အကြောင်းမလှ..
ဂျပန်အလိုတော်ရိမြန်မာက သစ္စာဖောက်
ငရဲခန်းရောက် လက်သည်းခွံ အချွတ်ခံရ..
မီးတောက်စ မျက်နှာအထိုးခံရ..
အကျည်းတန်ရတယ်…
မြန်မာ့လွတ်လပ်ရေး..
သူပေးခဲ့တာ..အနစ်နာ
ဖြည့်ခဲ့တာ..တော်လှန်ရေး၏ အညတြတနေရာ။

ကျမ အဖေပေါ့..
မတွေ့ တာကြာပြီ..
နိုင်ငံရေးသမား…၈၈ ကျောင်းသား..
ထောင်ထဲ ၀င်ထွက် မရေမတွက်နိုင်ဘဲ
နှစ်တို နှစ်ရှည်ထောင်ထဲ..ပေးဆပ်ဆဲ..
ကျမ်းမာရေး တဖြေးဖြေးယွင်း.
အမြင်မှုန် စက္ခုအာရုံကွင်း
သွားကြွေ ချိနဲ့ ရောဂါတွေနဲ့  အဖေ
အသက် (၄၀) ကျော်ပေမဲ့ အဖိုးထက် အိုတဲ့အဖေ..

အသားကို စားတဲ့လောက်များ..
မိမိမြေကို ရောင်းစားနေတဲ့လောက်များ
မိမိထမင်း၏ တစ်လုတ်..
အာဏာ၏ လက်တစ်ဆုတ်ရဖို့ 
မျိုးချစ်များကို ရောင်းစားသူုများ..
သတင်းပေး ချောင်းရိုက်သူများ..
လူမြင်ကွင်း..ခွေးလို ဆွဲရဲသူများ
နေရာတိုင်းမှာ ရှိတယ်။

အရင်က...ဂျပန်ကင်ပေတိုင် အလိုတော်ရိ
အခု..နအဖ ကြံဖွတ်ဆိုသည့် ပုဆိန်ရိုးတွေ
ရှိရှိနေသမျှ..လွတ်လပ်ရေးမရနိုင်ဘူး..
ဖြိုချင်ရင်..သူတို့ ကို အရင်ဖြိုမှ..
တကောင်ချင်းဆီ အမှည့်ချွေမှ..

ရဲမှသာ ရမယ်မောင်ရို့..
အသားထဲကလောက်ကို ဆူးလိုထွင်ဖို့ 
ကိုယ့်တာဝန် ကိုယ် ကျေပြွန်ကြစို့ 

နအဖ စစ်ဘီလူးကို..
လက်ချောင်းကို တစစီ..တဆစ်စီဖြုတ်..
တနေ့ ကျ တကိုယ်လုံးပြုတ်အောင်..

လူ့အခွင့်အရေးလေးရပ်

လူသားနှင့်တိရစ္ဆာန်
မတူဟန်ချားနားချက်
၁..တစ်အချက်က
လွတ်လပ်စွာရေးသားခွင့်
၂..နှစ်အချက်က
လွတ်လပ်စွာပြောဆိုခွင့်
၃..သုံးအချက်က
လွတ်လပ်စွာကိုးကွယ်ခွင့်
၎…လေးအချက်က
လွတ်လပ်စွာတွေးခေါ်ခွင့်
ဒီအခွင့်အရေးလေးရပ်ဟာ
တိရစ္ဆာန်မှာမရှိ
လူမှာသာရှိသည်…
ဒီမှာသူငယ်ချင်း..
ဒို့နိုင်ငံမှာ…..
ဒီအခွင့်အရေးလေးရပ
 သေသေချာမှတ်လို့ပြန်စစ်ဆေးပါ။
သင့်မှာဒီခွင့်အရေးလေးရပ်
မရှိလပ်က..
သင်နှင့်တိရစ္ဆာန်
မခြားသဏ္ဍာန်တူနေဟန်မို့
သင်ဟာလူပီသလို့
လူသားစင်စစ်ဧကန်ဖြစ်ချင်ရင်
ဆုံးရှုံးနေတဲ့ဒီအခွင့်အရေးလေးရပ်
တိုင်းပြည်အတွက် ဘ၀ကိုပေးကာအပ်လို့
ထက်ထက်မြတ်မြတ်လက်တွဲညီညီ
တိုက်ပွဲဝင်မည်အားလုံးပါဝင်ဆင်နွှဲကြ….

Saturday 15 October 2011

“ငါရို့ တိသရုပ်မှန်”

ငါရို့ တိပြောနိန်စွာ
စကားလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖိနှိပ်ခံလာရလို့ 
ထွက်ပေါက်ရှာဖို့ 
ထွက်ကျလာရေ
ရင်တွင်းပေါက်ကွဲသံဇိုင်တိ…..၊


ငါရို့ တိ ရွီးနိန်စွာ
စာလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖျက်ဆီးခံလာရလို့ 
ပြန်ပနာရှင်သန်ဖို့ 
သွီးနန့် ခင်းထားရေ
လမ်းမတိ…..၊


ငါရို့ တိဆိုနိန်စွာ
တေးခြင်းတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
မျိုသိပ်ထားလာရလို့ 
လွတ်လမ်းရှာဖို့ 
ပြန်အန်ကျရေ
ဘ၀အစိတ်အပိုင်းတိ….၊


ငါရို့ တိအသက်ရှင်နိန်စွာ
နီဝင်မိုးလင်း စားခြင်းအတွက်မဟုတ်
ကိုယ့်သမိုင်းအမွီကို ကိုယ်ရို့ ထမ်းပနာလားဖို့ 
ကိုယ့်ပစ္စက္ခကို ကိုယ်ရို့ ဂုဏ်သိက္ခာနန့် တည်ဆောက်ဖို့ 
ကိုယ့်အနာဂတ်ကို ကိုယ်ရို့ ပိုင်ဆိုင်ဖို့ 
ကိုယ့်မြီ ကိုယ့်ရီနန့်  ကိုယ့်ပြည်ရနံ့ ကို ရှုပနာ
ငါရို့ တိ ဇာလဲဆိုစွာကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့ …..၊



ခိုင်အောင်အောင်

ရက္ခစာပီမော်ကွန်းသစ်



စာပီရေ
ယိုင်ကျေးမှုထွန်းကားရေ
လူမျိုးတစ်မျိုးလို့ 
ကမ္ဘာ့ဝန်းကျင်မှာ လူရာဝင်စီဖို့ 
လူ့ ဘောင်အဆီအနှစ်
သမိုင်းအမွီအနှစ်
အသိဥာဏ်တိကိုထုဆစ်
ခေတ်အဆက်ဆက်ကိုခင်းကျင်းပြသ
တန်ဖိုးအလှတိကိုဖော်ပြနိန်လို့ …၊


စာပီရေ
အနာဂတ်ကို ကြည့်နိုင်မြင်နိုင်ရေ ပြတင်းပေါက်
ကျွန်ဘ၀က လွတ်မြောက်စီဖို့  အလင်းပြဆီမီးခွက်
ရင်ဖတ်တိကို ထိကပ်ဆက်စပ်ပီးထားရေ နားလည်မှုလမ်းမ
သွီးစည်းညီညွတ်မှုတိကို ညွန့် ဖူးပွင့်စီရေ ပန်းခင်း
မြစ်တစ်စင်းပိုင် ထာဝရစီးဆင်းပနာ လူမျိုးတစ်မျိုးရေရှည်တည်တံ့လားဖို့  အသက်ရှင်ဆီး
နောက်လာနောက်သားမျိုးဆက်သစ်တိကို အမွီပီးဖို့  တန်ဖိုးအဟိဆုံးအရာ……၊


စာပီရေ
လူ့ ဂုဏ်သိက္ခာ
လူ့ သမာဓိ
မွီးပျံ့ ကြိုင်သင်းရေ လွတ်လပ်ခြင်းရနံ့ တိ
လူ့ ဖြစ်ခြင်း၏အနှစ်သာရ
စံထားသတ်မှတ်ပြရေ အရာ….၊


အဖလခြမ်းမြီမှာ
ဝံလက်
မသီငှက်လို့ 
ပြန်ထပျံပြနိုင်ဖို့ 
စာပီခွန်အားက အဓိက။ ။ ။


ခိုင်အောင်အောင်
၁၄.၅.၂၀၁၀

တော်ဝင်သူအတွက်

သဇင်တစ်ခက်
ပင်မြင့်ထက်မာ
စွဲမက်စရာ
ဂုဏ်ရောင်ဝါနန့် 
မဟာရနံ့
မွှီးသင်းပြန့် ရေ
မျိုးသန့် ပန်းမည်
သဇင်ပီ၏။

သဇင်တစ်ခက်
နန်းမြင့်ထက်မာ
လှကြက်သရေ
မြတ်ဂုဏ်ရည်ကြောင့်
မျိုးနွယ်မြင်.မား
နန်းတွင်းသားရို့
ဘုရားလေ့တင်
ဂေါင်းမာဆင်ရေ
တော်ဝင်ပန်းမည်
သဇင်ပီ၏။

သဇင်တစ်ခက်
ပန်းဖျက်လက်မာ
အသက်အသွင်
မြတ်ဂုဏ်အင်နန့်
ဖြူစင်အမျိုး
ရွှီတန်ဖိုးကို
မညှိုးနွမ်းအောင်
သတိဆောင်ကေ
ဘုန်းရောင်နီလ
ပန်းဝံသမာ
သာလီစွလေ
သာလီစွ။ ။

ခိုင်မင်းဇံ(ရခိုင်ပြည်)

ရက္ခိတလမ်း

သဇင်ပန်းခိုင် တမြိုင်မြိုင်လေ့
မကြိုင်မမွှီး ရနံ့တိမ်းဗျာလ်
မုနိမြတ်စွာ သာသနာလေ့
ရောင်ဝါနီဝန်း ဂုဏ်ညှိုးနွမ်းဗျာလ်
စဉ်လာလခြမ်း ရွှီရောင်လွှမ်းလေ့
ထီးနန်းပျက်သုဉ်း လူဖြစ်ယှုံးဗျာလ်
မဟာလူသား ထမင်းစားလေ့
လူသားစင်စစ် စက်ရုပ်ဖြစ်ဗျာလ်
အတိတ်ပုံလွှာ အသာခွါလို့
သေချာပြန်ကြည့် ကိုယ့်အလှည့်ကျ
မတည့်မဖြောင့် ဘဇာကြောင့်လေ့
အဂေါင့်သူငါ တွေးတတ်ပါမှ
မဟာရက္ခ ပြန်နိုးထမေ
ဗမာလက်က လွတ်မြောက်မေ။

ခိုင်မင်းဇံ(ရခိုင်ပြည်)

ရခိုင်မျိုးချစ် အမှန်စစ်ကေ

ရခိုင်သားရီးရေစာ ရခိုင်ရို့အတွက်ရာဖြစ်ပါစီ
ရခိုင်ကမွီးရေသား ရခိုင်စကားကိုပြောပါစီ
ရခိုင်သားပြောရေစကား ရခိုင်ရို့နားမာချိုပါစီ
ရခိုင်သားခေါ်ရေအသံ ရခိုင်ရို့အားမာန်ဖြစ်ပါစီ
ရခိုင်သားယူရေမယား ရခိုင်စိတ်ထားပြည့်ပါစီ
ရခိုင်သမယူရေလင် ရခိုင်လူမျိုးပင်ဖြစ်ပါစီ
ရခိုင်သားစိုက်တေစပါး ရခိုင်ရို့ဝမ်းစာထားနိုင်စီ
ရခိုင်သားစားရေအစာ ရခိုင်လူမျိုးအားရာဖြစ်ပါစီ
ရခိုင်သားပီးရေသတင်း ရခိုင်အချင်းချင်းညီညွတ်ပါစီ
ရခိုင်သားဖော်ရေဆီး ရခိုင်ရို့ဖီးဘယာဝီးပါစီ
ရခိုင်သားလုပ်တေအလုပ် ရခိုင်ရို့အတွက်ရာဟုတ်ပါစီ
ရခိုင်သားတိုက်တေစစ် ရခိုင်ပြည်အတွက်ရာဖြစ်ပါစီ
ရခိုင်သားသွီးကိုဖောက် ရခိုင်လူမျိုးလွတ်မြောက်ပါစီ။ ။


ခိုင်မင်းဇံ(ရခိုင်ပြည်)