မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Saturday 15 October 2011

တော်ဝင်သူအတွက်

သဇင်တစ်ခက်
ပင်မြင့်ထက်မာ
စွဲမက်စရာ
ဂုဏ်ရောင်ဝါနန့် 
မဟာရနံ့
မွှီးသင်းပြန့် ရေ
မျိုးသန့် ပန်းမည်
သဇင်ပီ၏။

သဇင်တစ်ခက်
နန်းမြင့်ထက်မာ
လှကြက်သရေ
မြတ်ဂုဏ်ရည်ကြောင့်
မျိုးနွယ်မြင်.မား
နန်းတွင်းသားရို့
ဘုရားလေ့တင်
ဂေါင်းမာဆင်ရေ
တော်ဝင်ပန်းမည်
သဇင်ပီ၏။

သဇင်တစ်ခက်
ပန်းဖျက်လက်မာ
အသက်အသွင်
မြတ်ဂုဏ်အင်နန့်
ဖြူစင်အမျိုး
ရွှီတန်ဖိုးကို
မညှိုးနွမ်းအောင်
သတိဆောင်ကေ
ဘုန်းရောင်နီလ
ပန်းဝံသမာ
သာလီစွလေ
သာလီစွ။ ။

ခိုင်မင်းဇံ(ရခိုင်ပြည်)

0 comments: