ချစ်သူ ချစ်သူ အမြဲဆို
နှုတ်ဝယ်မက ရင်ထဲထားလို့
ကမ္ဘာဆက်ဆက် မေ့မပျက်ပဲ
သက်လုံးစုံမက် ချစ်နေလျှက် တဲ့.
ခုတော့ဆိုနေ သူ့စကားတွေ
ဘယ်ဆီရောက်ငြား မသိအားလည်း
စိတ်ဝယ်တသ မေ့လို့မရ။
ချစ်ဖူးခဲ့လို့ အပြစ်မဆို
ယစ်မူးလို့သာ အကြင်နာပို
နာကျင်ခံခက် နေရလျှက်နဲ့
မုန်းမရတာ ဝေဒနာလား?
သိစေချင်တယ် ချစ်သူရေ
ပေးအပ်ခဲ့တာ ချစ်သက်သက်မို့
ရက်စက်စကား မင်းဆိုသွားလို့
ဝေဒနာအတိ ရင်မှာရှိလည်း
မုန်းမာန်မတင်း ပြုံးဟန်ခင်းကာ
မင်းရွေးတဲ့လမ်း ရှေ့ဆက်လှမ်းလို့
သာယာလှပ အေးမြပါစေ
တောင်းဆုခြွေကာ နေမြဲပါလေ.
ကြောင့်ကြခြင်းကင်း ပျှော်ရွှင်ရင်း
ပြည့်စုံလွန်းစွာ ဘ၀လမ်းမှာ
လျှောက်လှမ်းနိုင်စေ ချစ်သူရေ။
ဖူးပြည့်စုံ
0 comments:
Post a Comment