အေးမြသည် စမ်းရေ
လန်းဝေသည်ပန်းပွင့်
လျှမ်းတင့်သည်ဂုဏ်
စိတ်အာရုံတွင်.....
ခုံမင်နှစ်ထက် ချစ်မက်ကြလည်း။
ပဝင်းသည့် လမင်း
ညအဆင်းကြယ်ပြာ
ထည်ဝါသည် ဂုဏ်
စိတ်အာရုံတွင်.....
ခုံမင်နှစ်သက် ချစ်မက်ကြလည်း။
အချောအလှကညာ
အလွှာမြင့်ဓနရှင်
အလှထင်သည်ဂုဏ်
စိတ်အာရုံတွင်.....
ခုံမင်နှစ်သက် ချစ်မက်ကြလည်း။
စမ်းရေက ခန်း
ပန်းတွေက နွမ်း
လဝန်းက ကွယ်
ကြယ်စင်က ကြွေ
မေကညာက ဇရာ
အလွှာက ဖြစ်ပျက်
နှစ်သက်ဖွယ်မရှိ ထင်မြင်မိ။
ချစ်မက်ဖွယ်မရှိ ဆင်ခြင်ကြည်။
(ကျိန်းရိပ်မြေမဂ္ဂဇင်း) စာရေးသူ...ထက်မြတ်နွယ် (ကျောက်တော်)
(၂၀၀၄- ခုနှစ်)
0 comments:
Post a Comment