မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Sunday, 24 July 2011

"ဒီမိုကရေစီ ရှေ့သို့ချီ"

*တိုင်းသားပြည်သူ များဗိုလူတို့
ဒို့ပြည်ရွာကြီး ငြိမ်းချမ်းဖို့ရေး
ဒီမိုကရေစီ ရနိုင်ဖို့ရေး
မကြောက်စိတ်ဓါတ် နောက်မဆုတ်တမ်း
တိုက်ပွဲဟူသမျှ ငြိမ်းချမ်းစွာဖြင့်
အသက်ခန္ခာ မငဲ့ကွက်ပဲ
မင်းတို့ငါတို့ ရှေ့သို့ချီမည်။

*ဂလေဂချေ အာနာအရူး
သန်းရွှေရူးကို ဖြုတ်ချဖို့ရေး
ခိုင်မြဲစိတ်ဓါတ် အကျင့်မြတ်ဖြင့်
ငြိမ်းချမ်းမှုတခု လက်ကိုင်ပြု၍
မင်းတို့ငါတို့ လက်တွဲညီစွာ
ကြိုးစားပါလော.....။

*မုန်းတိုင်ဒဏ်ဘေး ငတ်မွတ်ဘေးနှင့်
သေဘေးအတန်တန် စသည့်ဒဏ်ကို
မငဲ့မကွက် မဲရုံဖွင့်၍
မဲလိမ် မဲညာ ကမ္ဘာညာသည်
အာနာအရူး သန်းရွှေရူးကို
အာနာခိုင်မြဲ yes မဲကို
ဘာကြာင့် ပေးတာလဲ.....

ဗုဒ္ဓဘာသာ တိုင်းရင်းသားတို့
အမြတ်တနိုး ကိုးကွယ်ကြသည်
ရွှေတီးဂုံရင်း မြေတလင်းမှာ
သံဃာတော်များ သွေးမြေကျတာ
သင့်မေ့ပြီးလား မေ့နေလား......

*ကျောင်းသားများစွာ အသက်ပေးကာ
မြန်မာပြည်ကြီး သာယာဖို့ရေး
ရှစ်လေးလုံး တိုက်ပွဲ ဆင်နွဲ့ခဲ့သည်
စသည့်ဟန်ပန် အတန်တန်ကို
သင်မေ့ပြီးလား မေ့နေလား.....

အော်...
 မြန်မာပြည်သူ များသူတော်တို့
ဒီမိုကရေးစီ ရရှိဖို့ရေး
လက်တွဲညီစွာ ဆက်လက်ကာဖြင့်
ဒီမိုကရေစီ ရှေ့သို့ချီလော့...

(11-5-2008) စာရေးသူ..မောင်လေး

0 comments: