လေ… အာရက္ခတည့်
ရိုးမ မဟာ၊ မားမတ်စွာလျှင်
အာကာမှီဆိုင်း၊ ပြိုင်းပြိုင်းရံကြွ
မြရောင်ဝီဆာ၊ ဒေနိန်ရာကား
မဟာမုနိ၊ တုမဟိကာ၊
ထွန်းညိုသာသနာ၊ ပွင့်လန်းဖြာ၍
သစ္စာလေးလီ၊ ဦးထိပ်ချီကေ
ဝတီလလေးရပ်၊ ပေါင်းစပ်မြဲမြံ
နတ်ဌာန်ဘုံသာ၊ တုသီတာပိုင်
သာယာချမ်းမြ သာစ္စလေ။
လေ… အာရက္ခတည်
မြအ္ဏဏဝါကျယ်ပြောစွာလျှင်
လဟာနက်ရှိုင်း၊ ရီတံတိုင်းနန့်
ဝိုက်သိုင်းကျွန်းညို၊ ထိုထိုနဒီ
ချောင်းလီလီအား၊
“ဖြားလည်းတက်သက်၊
ကြောက်မက်ချင်ဖွယ်၊
ပင်လယ်ချောင်းမြောင်း
မကြီးတောင်း” ဟု
မကောင်းဆိုမူ လိုမတူကေ့၊
ဂုဏ်ယူစရာ
ရှစ်ဖြာအံ့ဖွယ်၊ ဤပင်လယ်ကား
ရှစ်ဖွယ်ဂုဏ်ဝါ၊ သာသနာပိုင်
သာယာချမ်းမြေ သစွာလေ။
လေ… အာရက္ခတည်
မြအဏ္ဏဝါ၊၊ မဟာရိုးမ
စောင့်ရှောက်ကြရာ၊
မဟာဝိဟိ့က
ရက္ခပူရီမြတ်ဌာနီအား
ရီမြီဘဏ္ဍ၊ သယံဇာနန့်
ဘာသာစာပီ၊ တိုးစီတက်စီ
ဖွဲ့ဖြိုးစီငှာ၊ ပတ္တနာ၏
သာယာချမ်းမြ သာစွာလေ။
သာစီသောင်လေ…သာစွာလေ။
(စာရေးသူ..အောင်စုံ)
0 comments:
Post a Comment