မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Friday, 12 August 2011

စိုင်းတင်အလွမ်း

ရေဒီယိုဓါတ်ကြွနိန်ရေ ဒြပ်စင်တစ်ခုလား
မဒမ်ကျူရီပိုင် ဘဝနန့်ရင်းဗျာလ် ရှခရေ
ငါ့ရင်ထဲကို ကြယ်တင်းခွန်တစ်စင်းပိုင်ဦးတည်
ယေပြီးကေ လွဲခလီယင့်။

အိမ် တိုင်သီတစ်ပုံ ပီစာသီတစ်ပုံ ပြာဖြစ်ဗျာယ်
ပိန်ကပ်ကပ် ကောင်းကင်အောက်မှာ စီးနိန်ရရေ
ပင်လယ်ရာဝေ
လှိုင်းအရိုး မီးပြတိုက်အရိုး
ဝေလငါးအရိုး သက္ကရာဇ်အရိုး
ရာဇဝင် အိုးပဲ့ကိုရွက်ပနာ
ဇာနှစ်ကပ်ထိ အလွမ်းကျိန်စာသင့်နိန်မေ ငါမသိ။

တောမီးနာရီ သွီးခဲနာရီ ငှက်ဖျားနာရီ
ဥတုသုံးလီမာ ပဋာစာရီဇာတ်ကို ကံထရိုက်ယူလို့
ကျားတိ တောဝက်တိ ဝံတိ ပျော်ကတ်တေအရပ်မာ
မင်းနတ်သျှင် ဒေါင်းသျှေတိ
ငါ့ကို လွမ်းကတ်သိယင့်လား။

သံတရားကွင်းက ငါလွမ်းရေကြိုးကြာတိ
လီသွန်တောင်က ငါလွမ်းရေ လင်းယုန်တိ
မင်းပါးတို့မည်သေ ရောက်နိန်ကတ်လာဝေ။
မင်းကတော့ မျက်ရည်တိကို မီဂါဝပ်ပြောင်းပစ်ဖို့
ကျီးဖြူရွာ မရောက်နိုင်ရေ
ယူဇနာဓါတ်လှေကားတိ ထောင်လို့
လျှရွန်စတုန်း “ကာစီနို” မှာ ဝီစကီသော်လို့
ငါ့မာတော့ခါ မွန်းလို့ “ပြန်လမ်းမဟိရေမြစ်’ မာ
မြောင်ခရု ဝါးတုတ်ကို
ကောက်ညင်းအရက်နန့် မြည်းယက်ပင်း
မိပန်းရံကိုလွမ်း မြို့စားသျှေကိုလွမ်း
လောင်းပေါက်တစ်စီး အိမ်မက်ယစ်ယစ်နန့်
မြို့စားသျှေအတွက် ခေတ်ပေါ်ကဗျာတစ်ပုဒ်
ငိုပစ်လိုက် ငိုပစ်လိုက်။

နာဂိန္ဒချောင်းဖျား၊
ဇာကွေ့နားမှာ ပုစွန်တဖြစ်လားလေ
ရက္ခိတတရားကို လေးဝတီနဒီအားလုံးမာ
ကွန်ပျူတာပိုင် ပရိုဂရမ် သွင်းထားချင်ယင့်
မင်းသိပါစီ စိုင်းတင်
အိမ်တိုင်သီတစ်ပုံ
ပြာဖြစ်ဗျာယ်
စီးနိန်ရေ မျက်ရည်တိပါရာဝေ
အသစ်မဟုတ်ကေလေ့
ဖြားရီလှိုင်းသျှေတိကို
မင်းပါးတို့လွမ်းလက်ဆောင်
ပို့လိုက်ပါယင့်ဝေ
လွမ်းစာကို ဂန္တဝင်အလုပ်ကြီးမှတ်ပျယ်
ဝဋ်ပါဆီလွမ်းပြီးကေ
ကပ်တကျိစီး နီလီဖို့ဗျာယ်ဝေ။

(စာရေးသူ…မောင်ခိုင်အောင်)

0 comments: