မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Tuesday, 16 August 2011

ရွာကျောင်း

အသီးတရာ၊ အညှာတစ်ခုတေးခြင်း
ရင်တွင်းမှာဟိ
ခံစားသိယင့် --- ။

ငါ့အရိပ်မှာခို
ငါ့ကိုချော့သိပ်
ငါမအိပ်ခင်
ပြင်ပလောက
ရောက်လားခကတ်တေ။

ရွာတောင်ပိုင်းက
‘မဲမကြီး’ သား
နိုင်ငံခြားမှာ ဒေါ်လာရှာနီရေလတ်။

ငါ့နီရာဘေး
‘ကျွဲသဲမုန့်’ ရောင်းရေ
‘အဘောင်သျှေ’ သမီး
ဆရာဝန်ကြီးဖြစ်လို့
မြို့ကလူတိ
အပူမဟိအောင်
စွမ်းဆောင်နိုင်ရေလတ်။

‘အဟောတော်သား’
‘မောင်ထိပ်ပြား’ လဲ
တောထဲတောင်ထဲ
ရဲရဲတောက်စိတ်ဓါတ်
လူမွန်မြတ်က
‘သူရ’ ဘွဲ့တောင် ရရေလတ်။

ငါ့အနားက
ကမ်းပိုင်းဖျားမှာ
ငါးပုစြန္မြီး
ကြီးပွားနိန်ရေသူ
‘မောင်စိန်ဖြူ’ လတ်။
ငါ ---
အညှာတစ်ခု
ပြုပြင်ဖို့လူမဟိ
‘တိုင်’ တိယိုင်ဗျာ
‘အကာ’ နတ္ထိ

‘ကြမ်း’ တိပေါက်ပြဲ
မမြဲသဘော
စောကြောမိရေခါ
အသီးတရာ
ဆက်ဗျာဆက်ဗျာ
သီးလားနိုင်ဖို့လားလို့
ဘုရားတမိ၊ ရင်လီးခမိရေထော။

(စာရေးသူ --- မင်းသန္တာ၊ ရခိုင်ပြည်၊)

0 comments: