မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Tuesday, 16 August 2011

လခြမ်းမြီ

နဒီကစ္ဆပ အဉ္ဖန
ရိုးမရင်ခွင် လှမျိုးဆင်
သဇင်ကြိုင်လွှမ်း ရွှီရောင်သန်း
ကမ်းပြာသောင်ခြီ လခြမ်းမြီ။

မျိုးရိုးစိုင်လာ အဇူဇာ
ခိုင်မာကြာညောင်း သမိုင်းကြောင်း
လက်ပြောင်းယူလတ် ရှိမွီမြတ်
လေးရပ်ဝတီ လခြမ်းမြီ။

အမျိုးသီလ နှစ်ဌာန
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်
ရက္ခိုင်နာမ ဘွဲ့မည်လှ
တွင်ခပါလီ လခြမ်းမြီ။

ဘားဘူဒိုင်းကျီ ရှိသက်သီ
ဆန်ရီသားငါး ပြည်သွီးသား
သစ်ဝါးသယံ မိုးထိရံ
ပြည့်ဝှန်ပေါလီ လခြမ်းမြီ။

အဲအန်မော်ကွန်း သိုက်နိဒါန်း
ကျမ်းဓမ္မသတ် နဝရတ်
စပ်ဆိုစာပြု ဘွဲ့ရတု
နရွပွင့်ပီ လခြမ်းမြီ။
အရွေ့သာခြင်း မွှီးကြိုင်သင်း
စောင်းညှင်းပတ်သာ စည်ငါးဖြာ
သာယာငြိမ့်ညောင်း သံချိုနောင်း
ညွတ်ပျောင်းလွင်သီ လခြမ်းမြီ။

သန္တာကမ်းမြီ ရိုးတောင်ခြီ
ရောင်နီဆွတ်ဖြန်း စိမ်းစိုလန်း
ပန်းမျိုးစုံစီ ပွင့်လှဝိ
မွှီးပျံ့လှိုင်စီ ကြိုင်လှစီ
စိုင်လာထွန်းစီ လခြမ်းမြီ။

(စာရေးသူ --- မောင်နန်းလှ၊ မြောက်ဦး)

0 comments: