အော် --- ဥသြပျို
တေးချိုချိုနာင့်
နွီကိုကြိုနိန်စွာလား။
ထော ---
ထိုမာ --- ဒေမာ
အရိုးထက်အရီတင်ဗျာ
အာခြောက်ခြောက်သစ်ပင်တိ၊
စပါးမြင်ယက် ဝမ်းညင်နိန်ရရေ
ကောက်နှံကောက်မ တစ်ရွီပိုင်
ကြောရီဖွတ်ကျား စပါးရိတ်သားတစ်စုပိုင်
အူထဲက တဂြုံဂြု တရုရုမြည်ပနာ
အာပေါက်ကစီးဆင်းဖို့ သွင်းကုန်အဝင်မျှော်နိန်ယှောင်
လီအီး၊ ရီအီးကို တမ်းတ
ရင်တမမနှောင့် မျှော်နိန်ရစွာ။
ချွေး ဘယ်စီး၊ ညာစီးကျနိန်ရေ
တောကြီးတောင်ကြီးတိ
ထော --- မခံချိ
ဟိသမျှအားနောင့် ရွန့်
လိမ်လိမ်တွန့်တွန့် ပျင်နိန်ကတ်စွာ
အေနွီစွာလေ
ကြိုင်နိန်ရေ’မေတ္တာ’ စမ်းချောင်းထဲ
ရီတဝ သဲပနာ
‘စေတန’ကို နီပူလှန်း
‘သစ္စာ’ ခြောက်ခြောက်ခမ်းအောင် လုပ်ပစ်သိရေ။
သြော --- ဥသြပျို
‘တယတာ’ မဆိုဝံ့သိလား။
(စာရေးသူ --- မောင်ခိုင်မျိုး၊ ရမ်းဗြဲသား)
0 comments:
Post a Comment