ရီခဲ သွီးခဲ ဝိညာဉ်ခဲရေ
ဥကၠာၾကြီ တာရာၾကြီ ကြယ်ကြွီရေ အရပ်
ယင်းဇာတိက
မိုင်သုံးထောင်ဖြတ်ပျံပြီးကေ
ဒေမြီမှာ ဆောင်းလာခိုကတ်တေ။
ရီပြာကောနှံ ပန်းမန်သစ်သီး
ပေါကြွယ် ချိုမြန် သင်းမြ
ကစ္ဆပနဒီနန့် ဘဲငါးရာတောင်
တောတန်း ဘယ်ပြင် ကွင်းပြင်မှာ
ရခိုင်နှင့်သျှေတိ ဝီလာကေ
သူရို့ လာကတ်ဗျာယ်လေ။
ရာသီကြမ်း ကောင်းကင်ကြမ်း မြေကြမ်းချိန်
ဇာတိကို တစ်ချက်သျှေစွန့်ပြီးကေ
ရခိုင်ရီပြင်မှာနီ ကောက်စရီသျှေတိပိုင်
လှိုင်းစီးရင်ခုန် ပျော်ရွှင် ငြိမ်းချမ်းနီကတ်ယင့်။
ကျစ်ပြီးကေ သန်စွာလှစွာကို
သဘောကျလို့
မျိုးနွယ်ဆက်ပွားရအောင်
လှောင်ခြိမ့်ထဲ မွီးကြည့်စါာ
ရီစီသျှေရာသောက်တေ
အစာငြင်းပနာ အသီခံလားရေလို့
ဥရာဇ်မြေမိတ်ဆွေ ပြောဖူးရေ။
စစ်တွေဆောင်း ညဇာသားမှာ
ဆိုက်ဘေးရီးယားတစုံ ငါ့အိမ်ယူလာရေ
မိတ်ဆွေတိ ထမင်းချက်စားဖို့လတ်။
အဝေ့ သူငယ်ချင်ရို့
ငါရိုမြီ စိမ်းမြလှပမှုကို
လာဗျာယ်ဂုဏ်ပြုရေ ဥရောပမိတ်ဆွေတိပါ
နာဂိန္ဒမော်ကွန်းကို မသိကေလေ့
ဇာတိကိုချစ် အမိမြေကို ချစ်တေ
အဆင့်မြင့်ငှက်တိပါဝေ။
မြစ်ကမ်းပန်လင်တောက
ပင်လယ်ဘက်သို့
သူရို့ပျံလီကတ်ယင့်
ငှက်အုပ်ရှာတွိကေ
အမိမြေဆိုက်ဘေးရီးယားကို
အတူတူပ
မတွိကေလေ့
နှစ်ကောင်ထဲ ပျံလီကတ်ဖို့ယေ။
(စာရေးသူ… မောင်ခိုင်အောင်)
0 comments:
Post a Comment