မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Tuesday, 23 August 2011

တန်ဖိုး

ပန်းတိုင်းသည်
သဇင်ဟုဆို
သဇင်ပန်းက မမွှီးနိုင် --။

ပန်းတိုင်းသည်
ပိတောက်ဟုဆို
ပိတောက်ပန်းက မမွှီးနိုင် --။

ပန်းတိုင်းသည်
စပါယ်ဟုဆို
စပါယ်ပန်းက မမွှီးနိုင် --။

တချို့မူကား
သဇင်ပန်းကို
ဘ၀ကြောင့်ပင်
ပိုင်ဆိုင်ချင်၏ --။

တချို့မူကား
ပိတောက်ပန်းကို
အလှကြောင့်ပင်
ပန်ဆင်လို၏ --။

ကျွန်ုပ်မူကား
စပါယ်ပန်းကို
အနံ့အတွက်
စုံစွဲမက်၏ --။

သို့ပါသော်ငြား
သဇင်ပိတောက်
ပွင့်ချိန်ရောက်က
ဝမ်းမြောက်ပီတိရွှင်သတည်း --။

(သာလှဦး)


0 comments: