မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Saturday, 20 August 2011

ယင်မရိုင်း ကိုယ်ကျင့်တရား

ကျီးအာသီမှည့် မျက်လုံး
အမြေဂျော်ရောင် တောင်ပံ
မီးပွိုင့်သဏ္ဍာန် ယင်မ ရိုင်း
တောတိုင်း တောင်တိုင်း
မြို့တိုင်း ရွာတိုင်း
စိတ်ထင်တိုင်း ပျံသန်း
မျက်ကန်းအရူးပမာ
မစင်ထက်မှာနား
စား
ပန်းပွင့်ထက်မှာနား
သဒ္ဒါဘုတ်မှာနား
ထိုမှာနား ဒေမှာနား
ထိုချင့်စား ဒေချင့်စား
တွိရာစား
မြင်ရာစား
ဘောင်ကမ်းနားမဟိ
အားနာမှုချိန်နဲ့
ကဲ့ရဲ့မှုခံဝတ်ရုံ
ခုံမင်စွာခြုံထား
မေတ္တသုတ္တာန်တရားတော်အား
သရော် နီသူပါကား။

(စာရေးသူ --- ခိုင်လူ၊ ရိုးမ)

0 comments: