ရောခ်ဂီတ မော်ဒန်ကဗျာ
အာကာသမှာလမ်းလျှောက်။
ကျေးလက်က ဈီးကိုလာ
ဗိတ်ပြင်မှာ ခြီရာပျောက်
ချွေးတပေါက်ပေါက်။
အာတိတ်ဒေသမှာ
အိုဇုန်းလွှာ တစ်ပေါက်နှစ်ပေါက်
ရိုးမကိုအမွှီးနှုတ်
ဝါးတုတ်ချိုးသူ ရီတစ်ခွက်နန့်
သက်ပြင်းသံဖျောက်။
နီပူကျာကျာ
ပြင်လယ်ခေါင်မှာ ဝါးခမောက်နန့်
ကျွဲနွားကိုငေါက်။
ပြိုချင်သူပြို ကွဲချင်သူကွဲ
လဲချင်သူလဲ မှောက်ချင်သူမှောက်
ပျော်ချင်သူပျောက် သီချင်သူသီ
လခြမ်းမြီက လူတစ်ယောက်။
ဗီဒီယိုလား ခါလား
ငှက်ဖျား နန့်ကြိုင်း ခါကြိုင်း
ရှိုးဝိုင်းကို ဝင်ခါဝင်
ရင်မိအတု သောက်ခါသောက်
နောက်ကုန်းမှာ သွီးတစ်စို့နန့်
နီလို့မလောက်။
(စာရေးသူ --- နောင်အေး၊ အနောက်)
0 comments:
Post a Comment