လျှိုမြောင်ချောက်တွင်း
တောမင်းဂနိုင်
တောင်စိုင်အထပ်ထပ်
ဆီးပတ်ကာရံ
မိုဃ်းယံထိအမြင့်ဆောင်
ရိုးမတောင်
(သို့မဟုတ်)
ဓါးတောင်။
လီဆင်နှာမောင်း ဆိုက်ကလုံ
မုန်းတိုင်းအရိုင်း
လှိုင်းတံပိုးခက်ထန်
လျှပ်မာန်ဝင်းဝင်တောက်
ခုံးမောက်အပြောကျယ်
ဘင်္ဂလားပင်လယ်
(သို့မဟုတ်)
“မီးပင်လယ်”။
ရိုးမတောင်နန့်ပယ်လယ်ကြား
လှုပ်ရှားနိန်ထိုင်
ငါရို့ရခိုင်သား
သွီးမခြားပဲ
ဓါးတောင်ကိုကျော်လို့
မီးပင်လယ်ကိုဖြတ်ရဲ
ဇွဲသတ္တိကြံ့ခိုင်
“သံချောင်း” ပိုင်လူသား
အားကျအတုယူကတ်မေ
(စာရေးသူ…ညိုဘန်း၊ လေးဝတီ၊)
0 comments:
Post a Comment