မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Thursday, 8 September 2011

အိမ်လွမ်းစိတ်

စိတ်အကြီးခွံတိ ကျွတ်ကျလုမတတ်
အိမ်လွမ်းစိတ်က ငါ့ကို မြှူနီရေ။
ရွက်ခြောက်တိ ကြွီနီဗျာယ်…
လက်ပံတိ ပွင့်နီဗျာယ်…
တစ်ခါက မင်းကျင်လည်ခဖူးရေ နယ်ချေ မှာလည်း
ပင်အိုတိ အရိုးပြိုင်းပြိုင်းထ ယိမ်းခါနီကတ်ဗျာယ်…။

နွီပူပြင်းလာလို့ 
ကမ်းနားကို အပန်းဖြေ ခိုနားလာကတ်တေ လှိုင်းတိ
တိမ်စိုင်တိမ်လိပ်တိ မြူးထူးရေ
လီရူးတောင်ပံခတ်သံ တစ်မွန်းတည့်မှာ
ရာသီစာ မြင်းခွာ ခရု ရကြက် ပလာတူးတိ လှိုင်လှိုင်ပေါနီလီဖို့ ဝေ…။

ချောင်းရီ ကန်ရီ ခန်းခြောက်စ
ကောက်ရိုးခြီ တစ်လွင်ပြင်လုံး နွီအာခေါင်ငွိ့ တိနန့် စီးယို
ယင်း တောင်ကြား ပင်လယ်ခြီရင်းသို့ 
နီလုံးဝါကြီး ပုန်းခိုလားဖို့ စွာကို ကြောက်တေ။
တစ်ခါက ယင်း ဆိုင်းဆာ တံထားအိုနားမှာ မလားယေ
အလွမ်းတိကို မြုံသီယင်း လူမသိ သူမသိ ငါငိုကြွီးခဖူးရေ။

နှစ်ကာလတိ ထုခြီလို့ 
အုတ်ခဲကျိုးတစ်ခဲပိုင် လွင့်စင်လခရေ ငါ့ ပင့်သက်ချသံ
ထုတ်မှာသတ် တိုင်မှာသတ်
အလွမ်းတိနန့်  ဗြွတ်ဗြွတ်ယို
နီထိုင်ခြင်း ငါ့နိန့် ရက်တိလည်း လောင်ကျွမ်းလုမတတ်
အိမ်လွမ်းစိတ်က ငါ့ကို မြှူ မြှူ နီလီယင့်ဝေ…..။
                                   ခိုင်ရိန်ဇံ

ရက္ခဝဏ္ဏဆိုဒ်မှ ကူယူထားပါသည်။

0 comments: