အမှောင်တိက ကြောက်စရာ ဆင်းရဲတွင်းက နက်လို့လာ
ပညာနတ္ထိ မျိုးမသိ ရခိုင်သားလား ဟားဟားဟား --။
အမှောင်ထုကို လက်ကမ်းကြို ညီညွတ်ရေးကိုရပ်ဆိုင်း
အမျိုးကိုမိ သီလကိုဖျက် သမိုင်းကိုကြောခိုင်း
လူအရိုင်းတိ ရခိုင်သားလို့ အော်နိုင်ခန့်သိမ့်လား --။
သမိုင်းကိုရောင်းစား တိုင်းတပါးသား မျိုးခြားဝါးမျို
တထွာကိုကြည့် တနပ်စာနန့် ဟားတိုက်ရယ်ယင်း ဇိမ်ခံယင်း
ဇတ်တူသားကို အမြည်းလုပ် ၀အောင်အုတ်နီကတ်တေ
ရခိုင်သားလို့ ဂုဏ်ယူချင်သိမ့်လား --။
နီရာတိုင်းမှာ မာနပါ အသိဗလာ
ငါမှရာသိ ငါမှရာတတ် ဘ၀င်မိုးတက် ပြောရခက်
ပဇောင်စည်းလုံးနိုင်ဖို့လဲ
သတိရကာ အဖြေရှာကေ မခက်နှင်း --။
ချစ်သည်ကအပြော နောက်ကွယ်မှာတမျိုး
အမျိုးသားရေးကို ဗန်းပြ ပဇောင်လဲနိုင်ငံရေး
ပဇောင်လဲ အမျိုးသားစည်းလုံးရေ
ဟန်ဆောင်လုပ်စွာ အမျိုးသားရေး
လက်တွိမှာ ငါရို့ဂေါင်းထဲ ငါ့အရေး ငါ့အရေး
အို အာရီယံ မြင့်မြတ်တေပြောရေ ရခိုင်သားတိ
စည်းလုံးခြင်းနတ္ထိ လက်တွဲမှုကားဟိဖို့သိမ့်လား
အဖြေရှာပီးကတ်မည် ညီညာစုပေါင်းလို့ --။
ခိုင်နီလ (လခြမ်းမြီ)

0 comments:
Post a Comment