မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Saturday, 9 July 2011

မြတ်ဗုဒ္ဒသာသနာနှင့် ဂျိန်ဘာသာဝင်အကြောင်း

အိန္ဒိယနိုင်ငံတွင် ဘာသာရေး အမြောက်အများရှိသည်ကြားထည်းက “ဂျိုန်း” ဘာသာဝင်တွေဟာ အင်အားကြီးမားသော ဘာသာဝင်တစ်ခုတွင်လည်းပါရှိပါသည်။ ‘ဂျိန်း’ဘာသာသည် မြတ်စွာဘုရားသာသနာ မပေါ်ကတည်းက တည်ရှိနေခဲ့သော ဘာသာကြီးတစ်ခုဖြစ်ပါသည်။

မြတ်စွာဘုရား သာသနာမှာ ဘိက္ခူနီ (ရဟန်းမိန်းမ)ရှိသကဲ့သို့ ဂျိန်း ဘာသာဝင်တွေမှာလည်း ဂျိန်းမဆိုတာရှိပါတယ်( အိန္ဒိယမှာတော့ မာတာကြီး )လို့ပဲခေါ်နေတာတွေ့ရပါတယ်၊ ဂျိန်း ဘာသာတွင် ဂျိန်း ဘုန်းကြီးများသည် အ၀တ်မ၀တ်သော ဘာသာဖြစ်ပါသည်။ သို့သော် ဂျိန်းမတွေကတော့ အ၀တ်ဝတ်တာတွေ့ရှိရပါသည်။

မြတ်စွာဘုရားသာသနာနှင့် ဂျိန်း ဘာသာတို့သည် ဘာသာမတူ ၀ါဒမတူသော ဘာသာဖြစ်သည်၊ မြတ်စွာဘုရားလက်ထက်တော်အခါက ဂျိန်း ဘာသာနှင့် မြတ်စွာဘုရားသာသနာပြိုင်း အပြိုင်အဆိုင် ဘာသာရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါသည်၊၀ါဒများစွာတို့ကိုလည်း ပြိုင်ခဲ့ကြသည်။သိုသော် ယခု အချန်တွင် နာလန္ဒာတက္ကသိုလ် အနီးရှိ ဂျိန်းအမျိုးသမီးများ ပင့်ဖိတ်ချက်ဖြင့် ဂျိန်းအမျိုးသမီးများနေရာ ကျောင်းတော်သို့ ရောက်ရှိခဲ့ကြသည်။

သူတို့ပင့်ဖိတ်တဲ့အချိန်ထက် ကားအခက်အခဲ့ကြောင်း နောက်ကျမှ ရောက်ရှိသွားခဲ့ကြသော်လည်း၊ ဗုဒ္ဒဘာသာ ရဟန်းတော်တွေကြွလာတဲ့အချိန်မှာ ရဟန်းတော်တော်ကိုတွေ့ တွေ့ချင်း အရိုးအသေးပြု လက်အုပ်ချီပြီးစကားပြောနေဟန်ကိုကြည့်ပြီး ၀မ်းသာမဆုံးဖြစ်ခဲ့ရပါသေးသည်။

ဂျိန်းအမျိုးသမီးများ နေထိုင်ရာကျောင်းတော်သည် ခမ်းနားထည်ဝါပြီး ပရဟိတ အကျိုးဆောင် လုပ်ငန်းများကိုလုပ်ဆောင်နေကြသောကျောင်းတော်ဖြစ်ပါသည်၊ အဲဒီကျောင်းတော်အတွင်း၌ ကလေးငယ်များ ကို ကျောင်းပညာသင်ပေးခြင်း၊ မျက်မမြင်သူများကို ဆေးကုပေးခြင်း အဆောင်တစ်ဆောင်တွင်လည်း လူနာများကိုတွေ့ခဲ့ရပါသေးသည် သူတို့ရဲ့ပရဟိတလုပ်ငန်းသည်လည်းမွန်မြတ်သောလုပ်ငန်းတစ်ခုဖြစ်သည်ကို သာဓုခေါ်မိပါသည်။

ဂျိန်းအမျိုးသမီးများ ပွဲတော်ကျင့်ပရာ မဏ္ဍာန်းထဲတွင် လူတုပရိတ်သတ်များက နေရာယူပြီး စတိုက်စ်းခုံမှာတော့ ဂျိန်းကျောင်းအုပ်ချုပ်မှူး အကြီးအကဲ့က ထိုင်ခုံပေါ်တွင်ထိုင်ပြီး အကြည်ညိုခံ နေသည် ရဟန်းသံဃားများကြွလာသောအခါဂျိန်း အမှူးဆောင်များက စတိုက်စ်စင်ပေါ်တွင် သူတို့ရဲ့ အကြီးအကဲ့ ဂေါင်းဆောင်နှင်း မိတ်ဆက်ပေးပြီး ဗုဒ္ဒဘာသာရဲ့ထုံးတမ်းစဉ်လာအတိုင်း ရဟန်းတော်များဘက်က ဆုတောင်း မေတ္တာပို့ အဆုံးတွင် ဂျိန်းဘာသာကိုယ်းကွယ်သူများကလက်ခုတ်တီး သြဘာပေးကြသည်။

ဘာသာမတူ ၀ါဒမတူသော်လည်း ရဟန်းတော်များကို လက်အုပ်ချီပြီ ယှဉ်းကျေးစွာဆက်ဆံပုံ သူတို့ရဲ့ ပရိတ်သတ်ရှေ့တွင် ဗုဒ္ဒဘာသာရဟန်းတော်တွေ ရှိပါသေးသည်ဆိုတာကို ထုပ်ပြပုံ သူတို့တွေရဲ့ ပရဟိတ လုပ်ငန်းများတွေကို တွေ့ရှိရချိန်မှာအံသြမဆုံးဖြစ်ရခဲ့ရပါသည်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကဂျိန်း ဘာသာသည် မြတ်စွာဘုရားသာသနာထဲကို ၀င်ရောက်လာပုံအကြောင်းရှိခဲ့ပါသေးသည်……အကြောင်းဖြစ်ပုံက …ဝေသာလီပြည်မှ ဂျိုင်းဘာသာဝင် အမျိုးသမီး လေးဦးသည် သျှာတရကျမ်းဂန်အကြောင်းကို အခြေအတင် ပြောဆိုပြိုင်ပွဲတစ်ခုကို ဆွဲနွေးလိုသည့် ဆန္ဒဖြင့် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းရှေ့သို့အောင်သပြေပန်းကို အလံအဖြစ်စိုက်ထူကာ ဤကဲ့သို့ကြော်ငြားခဲ့ကြခဲ့ကြလေသည်။

အကြင်းယောကျာင်္များတို့သည် ကျွန်မတို့နှင့် သျှာတရကျမ်း အကြောင်းကို အခြေအတင်ပြောဆို ပြိုင်ပွဲဝင်ကာ အနိုင်ရရှိပါက ကျွန်မတို့သည် ထိုယောင်္ကျားများ၏ ဇနီးမယားအဖြစ် ခံယူကြပါမည်။ ထိုယောကျာင်္းများသည် ရဟန်းတော်များဖြစ်နေပါက ကျွန်မတို့သည် အကြင်ရဟန်း၏ တပည့်သာဝက အဖြစ်ပြုလုပ်သွားမည်ဟု စိမ်ခေါ်ခဲ့ကြသည်။

ထိုစဉ်က ရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဇေတ၀န်ကျောင်းတွင် သီတင်းသုံးလျက်ရှိခဲ့ရာ ကျောင်းရှေ့တွင် သပြေပန်းကို အောင်လံလုပ်၍ စိုက်ထူကာ စိမ်ခေါ်နေကြသည့်။ အမျိုးသမီး လေး ဦး၏ စိမ်ခေါ်ချက် သပြေပန်းကိုနုတ်ပယ်ကာ လက်ခံတော်မူခဲ့သည်၊ ထိုအမျိုးသမီး လေး ဦး မေးသော ပုစ္ဆာကို ရှင်သာရိပုတ္တရာ တစ်ခုမကျန်ဖြေဆိုနိုင်ခဲ့ပါသည်။

မေးစရာမေးခွန်းမရှိတော့သည့်အခါ ရှင်သာရိပုတ္တရာသည် ဂျိုင်းဘာသာဝင် အမျိုးသမီးလေးဦးအား မေးခွန်း တစ်ခုကိုမေးမြန်းခဲ့ပါသည်။’ဧကံ နာမံကိံ’ တစ် ဟူသည်အဘယ်ကို ဆိုပါသနည်း ?ဟု ရှင်သာရိပုတ္တရာမေးသောအခါ ထိုမေးခွန်းကိုကြားရ၍ အဖြေမရှာပေးနိုင်သော အမျိုးသမီး လေး ဦးအရှုံးပေးခဲ့ရပါသည် အဖြေမှန်ကို ရှင်သာရိပုတ္တရာမထေရ်ကိုမေးသောအခါ ရှင်သာရိပုတ္တရာက ‘သဗေ သတ္တာ အဟာရထိတိကာ’ ဟုဖြေကြားခဲ့သည်။

ဆိုလိုသည်မှာ သတ္တ၀ါမှန်သမျှသည် အဟာရ တစ်ခုခိုကိုသာ မှီဝဲရပါသည်။
( အဟာရမစားလျှင် အသက်မရှည်နိုင်ပါ)
နောက်ဆုံး၌ အမျိုးသမီးလေးဦးသည် ရှင်သာရိပုတ္တရာထံ တပည်အဖြစ်ခံယူခြင်းကို ပန်ကြားခဲ့ရာ ‘ဒကာမတို့ ငါ့ထံ၌ တပည့်ခံယူမည်အစား ငါတို့၏ ဂုရုကြီး ဗုဒ္ဒထံမှာ တပည့်ခံယူကြလျှင် သင်တို့မှာပို၍အကျိုးရှိလိမ့်မည်’ ဟုရှင်သာရိပုတ္တရာက လမ်းညွန်ပေးခဲ့သည်။ ရှင်သာရိပုတ္တရာလမ်းညွန်ပေးမှူးအတိုင်း ဂျိုန်း ဘာသာဝင် အမျိုး သမီးလေးဦးသည် မြတ်စွာဘုရားထံချည်းကပ်ကာ ဘိက္ခူနီအဖြစ် ဗုဒ္ဒသာသနာဘောင်အတွင် ၀င်ရောက်ခဲ့ပုံရှိ ခဲ့သည်ပါသည်။

(အဖရခိုင်)

0 comments: