မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Saturday, 9 July 2011

ဘ၀င်မြင့်ရောဂါ

မိမိကိုယ့်ကို မိမိအထင်ကြီးမာမူ သူတပါးတို့ အားအထင်သေးမူ စိတ်ထားမောက်မားမူ ၀ါကြွားတက်ကြွမူတိုကို လေပြင်တွင် ဆင်ပြေးနေသကဲ့သို့  ထင်ထင်ရှားရှားတွေ့ မြင်နေကြရလေသည်။

ကြောက်မက်ဖွယ်ရာ ဤရောဂါ......

ရောဂါဟူလျှင် လူတိုင်းကြောက်ရွံသောကြောင့်အသံမျှပင်မကြားချင်ကြပေ...အလွန်ပင်ကြောက်ရွံဖွယ်ရာလည်းကောင်းပေသည်

လူတဦးတယောက်ကို ရောဂါနှိပ်စက်လိုက်လျှင် သေခြည်ပျက်စီးရသည့်တိုင်အောင် အပြင်းအထန်ခံလိုက်ကြရသည်ကို လူတိုင်

ဒိဌတွေ့မြင်နေရသည် ထိုသို့ ရောဂါ ၉၆ပါးအပြင်ဘ၀မြင့်ရောဂါသည် အဆိုးဆုံးသောရောဂါတခုဖြစ်လေသည်

အဘယ်ကြောင့်နည်းဆိုသော် ထိုရောဂါ စွဲကပ်လာသူ၏ ပကတိကောင်းမွန် သန့်ရှင့်သော အကျင့်စာရိတ္တကို၎င်း

ပေါင်းသင်းဆက်ဆံရေးကို၎င်း ပညာရေးတိုးတက်စီးပွါးရေးတို့ကို၎င်း နလံမထူနိုင်လောက်အောင်

ဆုတ်ယုတ်ပျက်စီးစေတက်သောကြောင့်ပင်......ထိုရောဂါစွဲကပ်၍ ဖြစ်ပေါ်လာတက်ပုံမှာ ရာထူးရှင် အရာရှိအရာခံတို့ကလည်း

မည့်သည်နေရာမှာမဆို မိမိတို့က လမ်းညွန်လုပ်ကိုင်ပြောဆိုရမှသာလျှင်

ဖြစ်မြောက်အောင်မြင်နိုင်မည်ထင်ပါသည်...ငါလုပ်မှပြီး ငါလှီးမှပြတ်မယ်ဆိုသလို စိတ်နေမြင့်တက်သကဲ့သို လူလတ်တန်းစားတို့ 

အဘို့လည်း ငါတို့ထမင်း ငါတို့စားတာဘဲ ဘယ်သူ့ကိုဂရုစိုက်စရာလိုသေးသလဲတမျိုး ဆင်းရဲနွမ်းပါးသူတို့ကကလည်း ကိုယ့်ရှိမှ

ကိုယ့်စားရတာပဲ ဘယ်သူ့ကို ဂရုစိုက်စရာလိုသေးတဖုံနဲ့ ဤသို့အမျိုးမျိုးအထင်အမြင်ကြီးတတ်သော သဘာဝသည်

လူတိုင်းမကင်းလွှတ်နိုင်သောတရားဖြစ်သည်......သိုသော်အချို့ သော

လူုတို့တွင့်ပိုမို့ထင်ရှားသည်...၎င်းရောဂါနှင့်အသင့်လျော်ဆုံးတရားမှာ နိဝါတောစ

မဂ်လာတရားတော်ဖြစ်ပါသည်.....လောကဓံတရာကလည်း တက်ကြွားကြွကြွ မြောက်လွန်းကလျှင်လျော့ကျ

နောက်ဆုံးရျိချေ၏....ဟုဆို၏......၎င်းရောဂါသည် ပပဉ္စတရားတို့၌လည်းပါဝင်သောကြောင့် ..ပစ္စုပ္ပန်ကာလ၌သာမက

တမလွန်ဘ၀ အဆက်ဆက်၌လည်း ကောင်းကျိုးမပေးနိုင်ကြောင့်ကို ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါသည်။

(အဖရခိုင်)

0 comments: