အစားလည်းကျပ်၊ အ၀တ်ညိုးနွမ်း
အနေကြမ်းလည်း၊ မငြီးမငြူ
အားသစ်ထူ၍၊ ကြည်ဖြူးချစ်မြတ်
ကဗျာစပ်ကာ၊ ကြည်ဖြူချစ်မြတ်
ကဗျာဆရာ ရုပ်ပုံလွှာ……………။
ယုံကြည်လျှောက်လှမ်း၊ ခရီးကြမ်းလည်း
နွမ်းလျမနေ၊ အားသစ်ဝေမြဲ
တည်ကြည်ရဲရင့်၊ ခရီးလွှင့်သည်၊
အားနှင့်မာန်နှင့် သတ္တိနှင့်။
နှလုံးသွေးနှင့်၊ ရေးစပ်မှဲ့သီ
ပြည်ကျိုးရည်၍ ပြည်သူဆင်မြန်း
စိတ်ရွှင်မြန်းလျှင်၊ အနွမ်းလည်းပြေ
အားသစ်ဝေကာ၊ ကဗျာဆရာကြည်နူးသည်။
ဇွဲနှင့်အားမာန်၊ အရင်းခ့ကာ
အလံမလှဲ၊ ကဗျာထဲက
အလှရသ၊ ခန္ဒိစနှင့်
အလင်းသင်းထုံ၊ ပန်းရဂုံ၌
ခိုလျှံမွေ့ လျော်နိုင်သူတည်း…..။
(ကျိန်းရိပ်မြေမဂ္ဂဇင်း) စာရေးသူ.မင်းပြား--မောင်ကောက်နှံ
၂၀၀၄ နှစ်.
0 comments:
Post a Comment