ခရီးတစ်ထောက်
ငါရောက်ခဲ့ပြီ
နောက်ဆီလှည့်ကြည်
ခြောက်ဆယ်ပြည့်ပေါ့။
မိုင်တိုင်ခြောက်ဆယ်
ဘာရယ်မဟုတ်၊ ၀န်တစ်ထုပ်နှင့်
နောက်ဆုတ်ခြင်းငှာ၊ မတတ်သာပြီ
ရှေ့မှာမှတ်တိုင်၊ ဘယ်နှစ်တိုင်လဲ၊
ခွဲခြားမသိ၊ လျှောက်နေမိ။
အော်......ငွေဆံပင်ဖြူ။ အောက်လံထူလို့
အားယူနွမ်းဖျော့၊ ခြေမသော့လည်း
မာလျော့ဇွဲမာန်၊ မာရသွန်သမား
မနားနိုင်သေး၊ ပြေးနေဆဲလ..........။
ကျိန်းရိပ်မြေမဂ္ဂဇင်း (မင်းပြား..မြတ်သောင်း)
ကျိန်းရိပ်မြေမဂ္ဂဇင်း (မင်းပြား..မြတ်သောင်း)
0 comments:
Post a Comment