မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Saturday, 16 July 2011

ကွန်ုပ်ချစ်သော ရွှေကျိန်းတောင်

စန္ဒ၀ိဇယ၊ ဘွဲနာမဖြင့်
ရာဇဘုန်းရှိန်၊ မိုးလုံးထိန်ခဲ့
ဂုဏ်သိန်လျှံမောင်း၊ ချိန်ကြာညောင်းမင့်
ထောင်ချောင်း ဂါမ၊ ရွာအလှနှင့်
ပဏာရယောင်၊ ရွှေကျိန်းတောင်....။

ဓည၀တီ၊ အစချီ၍
ကွေချည်ကောက်ချည်၊ အဓွန်ရှည်လျား
ခေတ်များဖြတ်သန်း၊ မနွမ်းမညိုး
တန်ခိုးဝေဆာ၊ ဘုန်းတေဇာနှင့်
ရောင်ဝါလင်းပြောင်၊ ရွှေကျိန်တောင်း...။

မင်းနှင့်ပြည်သူ၊ စိတ်ကြည်ဖြူ၍
ရည်တူဆောင်စွမ်း၊ ပြည်ထောင်ဝှမ်းက
ထွန်းပသာသနာ၊ ဘာသာဦးညွှတ်
မြင့်မြတ်မော်ကွန်း၊ ပုံဖော်ညွှန်း၍
ခန်းဆက်သမိုင်း၊ အရိုင်းမခံ
ရောင်လျှံဝင်းပြောင်၊ ရွှေကျိန်းတောင်...။


"လျောင်တော်မူ"၊ "ထိုင်တော်မူ"
ဆူဆူဆင်တု၊ မုနိရုပ်ပွား
ခံညားထည်ဝါ၊ ဗိသူကာနှင့်
မဟာဗုဒ္ဓ၀င်၊ စုံလင်အံ့မခန်း
ဂုဏ်လျှမ်းဟိန်းပြောင်၊ ရွှေကျိန်းတောင်.......။

ဘိုးဘေးစဉ်လာ၊ မြဲပူဇာတည်
ရိုးရာကျင်ပွဲ၊ နှစ်စဉ်နွဲ၍
ခြိမ်သဲစည်ကား၊ ဧည်သည်များနှင့်

ဘုရားဖူးသား ဆွေသဟာတို့
မေတ္တာလမ်းဆုံ၊ ပန်းရရံဟု
လွှမ်းခြုံ ဂုဏ်ရောင်၊ ရွှေကျိန်းတောင်....။

မွေသရီဓာတ်၊ စေတီမြတ်နှင့်
ဇရပ်တန်ဆောင်း၊ ပြာသာဒ်ကျောင်းနှင့်
ခေါင်းလောင်းသံလွင်၊ တချွင်ချွင်နှင့်
သွင်သွင်စီးနေ၊ စမ်းချောင်းရေနှင့်
မြူခြေဆို့ဆိုင်း၊ ညိုမှိုင်းမှိုင်းနှင့်
တိုင်းဓညဂုဏ်ဆောင်း
ရွှေကျိန်းတောင်....။

သြော်...အဉ္ဖန နဒီ
ရေကြည်မြေချမ်း၊ ရာမောင်ကမ်းက
လွမ်းစ ရစ်နှောင်း မြစိမ်းရောင်
ကျွန်ုပ်ချစ်သော
ရွှေကျိန်းတောင်.........။

(ကျိန်းရိပ်မြေမဂ္ဂဇင်း) စာရေးသူ... မင်းပြား-မောင်ကောက်နှံ
( ၂၀၀၄)

0 comments: