ရနံ့တွေအေး ပန်းမျိုးလေးတွေ
ဘယ်ဆေးရောက်မှ ခြယ်သမမီ
စီရီပွင့်ဖူး ဝေဆာမြူး၏။
အပြုးချင်းဆိုင် စုံတောမြိုင်လယ်
ကိုယ်ပိုင်အလှ လုနေကြလည်း
ပန်းလှတော်ဝင် ဘယ်ပန်းထင်လိမ့်
မွှေးပျံ့ကြိုင်သင်း ဂုဏ်သတင်းနဲ့
အဆင်းတောက်ပ ပင်လုံးလှသည်
မာနကင်းစင် ပန်းသဇင်တဲ့။
ပန်းမှာသဇင် ဂန္တ၀င်လို့
ခေါ်တွင်သိမှတ် စာဆိုမြတ်တို့
ရေးစပ်သီကုံး တင်စားတုန်းလေ။
(ကျိန်းရိပ်မြေမဂ္ဂဇင်း)
စာရေးသူ- လေးမြို့ မင်းသဇင်
(2004)
0 comments:
Post a Comment