နှင်းဆီလိုနီ၊ ရဲသွေးနီလျက်
ရောင်ခြည်လင်းစ၊ မိုးသောက်ထ၀ယ်
ဖူစပန်းမုံ၊ မွှေးပျံ့တုံနှင့်
ပွင့်ငုံချပ်လွှာ၊ ငွါးစွင့်အားခဲ့
မြေလွှာမဟိ၊ သန္ဓေတည်၍
လေပြည်လေပြင်း၊ တိုက်ခတ်ရင်းဖြင့်
ပန်းမင်းနှင်းဆီ၊ ပွင့်ခဲ့ပြီး။
ကလောင်လက်နက်၊ ဆူးခက်ဆူးတက်
ဓါးနှယ်ယှက်၍၊ ထက်မြက်ရှင်သန်
ချွန်မြရံဆူး၊ ရင်ဝစူးခဲ့
ဆူးချက်ဒဏ်ရာ၊ အဆိပ်ပါ၍
သွေးဖြာစိးကျ၊ ပြည်တည်ရနှင့်
ဘ၀ချိုးလိမ်၊ လူကိုနှိမ်လျက်
တိမ်ကောပပျောက်၊ ဖိနပ်အောက်မှာ
ပြားမှောက်စေခဲ့၊ နှိပ်စက်ဖဲ့ရင်း
နယ်ချဲ့သမား၊ လူညွန့်စားကို
ဓါးချင်းဖက်ပြိုင်၊ ကလောင်ကိုင်၍
အနိုင်မခံ၊ ဇာတိမာန်ဖြင့်
တွန်းလှန်အာခံ၊ အသေခံအံ့
နွံနစ်မသေ၊ တိုင်ရင်းသေအံ့
ဒီရေကမ်းပါး၊ တိုက်စားသွားသို့
တို့အားခိုင်လျက်၊ တိုက်ပွဲဆက်ခဲ့
အသက်အပ်နှံ၊ ပြည်သူ့ထံတည့်
မာန်ကိုမချ၊ “နော်မံလှ” နှင့်
“ဓညမြ” စာဆို၊ ဂုဏ်ပြုလိုသည်
“ဓညမြ” စာဆို၊ ဂုဏ်ပြုလိုသည်
မြေကိုသက်သေ၊ တိုင်တည်လေလော့
ဝေနီရဲ့ရင့်၊ နှင်းဆီပွင့်။
အမျိုးဂုဏ်မြှင့်၊ ဇာတိယင့်။
အမျိုးဂုဏ်မြှင့်၊ ဇာတိယင့်။
မျိုးဆက်လက်ဆင့်၊ မမေ့သင့်။
0 comments:
Post a Comment