လွိုင်ကော်အီတာလျံ
နိုင်ငံမသိ၊ ရေညိကြေးနီ
နို့ဆီရောင်ယှက်၊ ကြက်နှစ်စွက်ကာ
ဖိတ်လက်ပါလစ်၊ ဈေးကွက်သစ်အောင်
ထုဆစ်လှီးဖြတ်၊ အချောပွတ်သည့်
ရပ်တကာရောက်၊
သလင်းကျောက်ကွက် ပြာခံခွက်....။
ဆေးလိပ်ကြိုက်သည့် အရာရှိကြောင့်
မှန်ပြည့်ခင်းလက်၊ စာပွဲထက်တွင်
ပြာခွက်ကျောက်ပြား၊ အခန့်သားတည်...။
ဆေးလိပ်မကြိုက်သည့် အရာရှိတစ်ယောက်
ပြောင်းရွှေ့ရောက်စဉ်၊ ကျောက်ပြာခံခွက်
စားပွဲထက်မှ၊ ဖုံတက်ညစ်ထေး
ရှုပ်ထွေးအမှိုက်၊ ကြွက်သိုက်ပိတ်လှောင်
မဲမှောင်စတိုခန်း ရောက်သွား၏...။
မကြိုက်-ကြိုက်ရုံ၊ ဆုံးဖြတ်ပုံကြောင့်
နိမ့်တုံမြင့်ချည်၊ ကျင်လည်လောက
ဘ၀ပြောင်းလဲ၊ မတည့်မြဲတည့်...
ကြိုးဆွဲရာက၊ နှုတ်ဆွံ့အလျက်
ကင်းပအနှစ်.....
အမြစ်မယှက်၊ ပြာခံခွက်.....၊
ကိုယ်ပိုင်းအားခွန်၊ ပတ္တမြားမှန်လျှင်
နွံနစ်မတင်၊ တစ်နေ့သင်ကား
သစ်လွင်ထွန်းတောက်၊ အလင်းရောက်အံ့
ဘာထောက်ထားရာနေသနည်း...။
(ကျိန်းရိပ်မြေမဂ္ဂဇင်း) စာရေးသူ...ရွှေဘော်
(၂၀၀၄-ခုနှစ်)
0 comments:
Post a Comment