ဖြူ၊ နီ၊ ၀ါ၊ ပြာ
ရောင်စုံဖြာလျက်
မင်းတွက်လှပ
ယုယပန်ဆင်
ပြုံးရွှင်ပျော်မွေ့
ကြိုက်တွေ့ ဂုဏ်ယူ
အမြင်လန်းဆန်း
ရှိုက်နမ်းမသာ
သဒ္ဒါမ၀ံ့တော့
ပန်းစက္ကူလို.....ငါ.......ပေါ့။
အချစ်မပါ
ကြင်နာကင်းပြတ်
လိုအပ်ခဏ
ဓနရနံ
တည်တံ့မခိုင်
မေ့နိုင်စိမ်းရက်
မေ့နိုင်စိမ်းရက်
ပန်းစက္ကူလို-----ငါ...........ပေါ့။
မြင်သူမက်၍
ပဏာရခိုက်
လှပွဲဝင်လို့
ကင်မရာရှေ့၌
ပန်းစက္ကူလို.....ငါ......ပေါ့။
အလှပန်းငဲ့
မဖြာရနံ့
သင်္ချာအတတ်နဲ့
အသုံးချ၍
မသင်းပျံ့တော့
မေတ္တာယိုင်ယိမ်း
မင်းအတွက်မူ...။
(ကျိန်းရိပ်မြေမဂ္ဂဇင်း) စာရေးသူ.....ထွန်းချေ (မျော်လင့်သစ်)
(၂၀၀၄-ခုနှစ်)
ရောင်စုံဖြာလျက်
မင်းတွက်လှပ
ယုယပန်ဆင်
ပြုံးရွှင်ပျော်မွေ့
ကြိုက်တွေ့ ဂုဏ်ယူ
အမြင်လန်းဆန်း
ရှိုက်နမ်းမသာ
သဒ္ဒါမ၀ံ့တော့
ပန်းစက္ကူလို.....ငါ.......ပေါ့။
အချစ်မပါ
ကြင်နာကင်းပြတ်
လိုအပ်ခဏ
ဓနရနံ
တည်တံ့မခိုင်
မေ့နိုင်စိမ်းရက်
မေ့နိုင်စိမ်းရက်
ပန်းစက္ကူလို-----ငါ...........ပေါ့။
မြင်သူမက်၍
ပဏာရခိုက်
လှပွဲဝင်လို့
ကင်မရာရှေ့၌
ပန်းစက္ကူလို.....ငါ......ပေါ့။
အလှပန်းငဲ့
မဖြာရနံ့
သင်္ချာအတတ်နဲ့
အသုံးချ၍
မသင်းပျံ့တော့
မေတ္တာယိုင်ယိမ်း
မင်းအတွက်မူ...။
(ကျိန်းရိပ်မြေမဂ္ဂဇင်း) စာရေးသူ.....ထွန်းချေ (မျော်လင့်သစ်)
(၂၀၀၄-ခုနှစ်)
0 comments:
Post a Comment