ခေတ်ကာလပြောင်းလဲ့လာတာနှင့်အညီ ခေတ်နောက်ကိုလိုက်မယ့်သူတွေအတွက် အတတ်ပညာ
လက်မှူပညာတွေတတ်မြောက်ဖို့လိုလာပါပြီ။ မိမိရဲ့ပညာသင်ရာ တက္ကသိုလ်ကနေ ဒေလီမြို့ကို မနက်ဖြန် 8
နာရီ 30မိနစ် နာလန္ဒာကနေ ဒေလီသို့ရထားနဲ့သွားတော့မယ်လို့ သူငယ်ချင်းတစ်ချို့ကိုပြောတော့
များသောအားဖြင့် သူငယ်ချင်းတွေက အားပေးကြတယ် သူတို့တွေရဲ့ အားပေးစကားသံကိုကြားရတော့
အတိုင်းမသိ ပီတိဖြစ်ရသလို၊ တစ်ချို့တွေက Question ထုပ်တယ် ဘာလုပ်ဖို့ ဒေလီ
ကိုသွားမှာလဲတဲ့...computer သင်တန်းတက်ဖို့သွားမယ်ဆိုတော့ ဘုန်းကြီးနဲ့ IT ပညာရပ်တွေက
ဘာပတ်သင့်မှူရှိလဲ ဆိုပြီး Question ထုပ်ကြတယ်.. သူတို့တွေရဲ့ အမြင်မှာတော့ ဘုန်းကြီးနဲ့ IT
ပညာတွေက မသင့်လျှော့သလိုဖြစ်နေတယ်။ ခေတ်ရေစီကြောင်းကိုလိုက်မှီဖို့အတွက်
ခေတ်ပညာရပ်တွေလိုအပ်လာတာတွေကို သူတို့ မေ့နေသလိုဖြစ်နေကြပြီ... ကျုပ်မြန်မာမှာနေတုံးက
ဘုန်းကြီးကျောင်းက သင်ပေးတဲ့ ပါဋိ စာပေးသင်ယူခဲ့ပါတယ်...ပထမကြီးအောင်လို့ တက္ကသိုလ်
ဝင်ခွင့်ဖြေမယ်လုပ်တော့ ကျုပ် ကိုယ်ခန္ဒာမှာ English စာ တစ်လုံးမှမရှိဘူး.....၀င်ခွင့်ဖြေတော့ ကျုပ်
စာမေးပွဲကျပြီ ဘာကြောင်းလည်း ဘုန်းကြီးကျောင်းမှာ English စာမသင်လို့ပဲ။ တကယ်ဆိုရင်
ဘုန်းတော်ကြီးကျောင်းတွေမှာလည်း English စာ တစ်ဘာသာလောက်ပြဌာန်းသင့်နေပြီ...
တောရွာကကျောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် တောရွာက ဘုန်းကြီးကျောင်း တွေမှာ
ကျောင်းသားဆိုတာမရှိတော့ဘူး......ဘာဖြစ်လို့ ကျောင်းသားမရှိတော့တာလဲမေးရင် အင်္ဂလိပ်စာ
မသင်ပေးနိုင်လို့ ခုခေတ်မှာက အင်္ဂလိပ်စာ တတ်ဖို့လိုလာပြီလေ...ဘ၀ဆိုတာ မသေရှာပါဘူး
ငါဘယ်မှာနေရမှာလဲ ဆိုတာကို မသိသေဘူး....တောမှာနေရမှာလား
မြို့မှာနေရမှာလားဆိုတာပြောလို့မရသေးဘူး ......ဒါကြောင်း အင်္ဂလိပ်စာပေးကိုလည်း တတ်သင့်တယ်
တတ်လာတာနှင့်အမျှ သူများတွေကိုလည်း ပို့ချပေးလို့ရတယ်..IT နည်းပညာတွေကလည်း လိုအပ်လာလို့
ကျုပ်သင်ဖြစ်တာပါ...
တစ်ခါတစ်လေ ခရီးသွားရင် နိုင်ငံခြားသားတွေက မေးကြတယ်။ခင်ဗျား လားမား
ဘုန်းတော်ကြီးလားတဲ့......ထေရ၀ါဒ ဘုန်းကြီးတစ်ပါးဖြစ်ပြီး လားမား ဘုန်းတော်ကြီးလား လို့ မေးခံရတာ
တော်တော်အောက်တယ် ဘာဖြစ်လို့ အောက်တာလဲဆိုရင် ထေရ၀ါဒ ကို ကမ္ဘာက မသိလို့ပဲ ထေရ၀ါဒ ကို
ကမ္ဘာကသိလာအောင် ဘယ်သူတွေ လုပ်ဆောင်နိုင်မှာလဲ မိမိတို့ ဘုန်းကြီးတွေသာ အဓိကကျပါတယ်။
သိအောင်ကော ဘယ်လို လုပ်ရမှာလဲ မြန်မာဘာသာနဲ့ ပြောမှာလား ပါဋိ ဘာသာစကားနဲ့
နိုင်ငံခြားသားတွေကို ပြောပြမှာလား ကြိုက်ရာကိုရွေးလိုက်တော့ သူတို့တွေက မြန်မာ စကားကိုလည်း
နားမလည် ပါဋိ ဘာသာကို လည်း နားမလည် ဒါဆို ဘယ်ဘာသာစကားနဲ့ ပြောရမှာလဲ ဘုန်းကြီးတွေအတွက်
အင်္ဂလိပ်စကားလိုအပ်လာပြီ......ဒါကြောင်း ဘုန်းကြီးတွေ အနေနဲ့ ပါဋိ စာပေးအရေးကြီး သလို
အင်္ဂလိပ်စာပေလည်း လိုအပ်လာပြီ။
အင်္ဂလိပ်စာပေ လိုအပ်လာသလို IT ဆိုတဲ့ နည်းပညာတွေလည်း လိုအပ်ပါတယ်၊ ဥပမာ ၀က်ဆိုက်
တစ်ခု ဘလော့ တစ်ခုကို ပြုလုပ်နိုင်တယ်။ စာစီစာရိုက်လုပ်နိုင်တယ် ဒါနဲ့ ဘလော့တစ်ခု
ဝက်ဆိုင်တစ်ခုပြီးပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးပါဘူး........လူတကာ စိတ်ဝင်စားလာအောင့် ဘလော့
ဝက်ဆိုက်ကို ဒီဇိုင်နာ ဆိုတဲ့ Photoshop, Flash, Illustrator, ဆိုတာတွေနဲ့ စိတ်ဝင်စားလာအောင်
အလှဆင်ရတော့မယ် ဒါတွေကို မသိ မတတ်လို့လည်း မရသေးဘူး . ဒါကြောင်း သူငယ်ချင်း လေးပါး
တိုင်ပင်ပြီး ဒေလီမှာ ကွန်ပျူပညာသင်ကြားပါတယ်။ လေးယောက်လုံးက အင်္ဂလိပ်စာကိုလည်း ပြီးပြည့်စုံအောင်
မကျွမ်းကျင် ကုလားစကားလည်း သိပ်မပြောတတ်ပေမယ် ဆရာပြရာကို မျက်လုံး
ရှစ်လုံးနဲ့မလွတ်အောင်ကြည့်ထားတော့ မောက်စ် ထောင့်လိုက်တိုင်း မျက်လုံးကကြည့် ဦးနှောက်က မှတ်တော့
ဆရာအံသြရပြီလေ...........
အိန္ဒိယ ပြည့်ကြီးသည် တစ်ချိန်က ဗုဒ္ဓဘာသာ နေလို လလိုထွန်းကားတဲ့ နိုင်ငံ ဗုဒ္ဓဘာသာအစ
အိန္ဒိယက ဗုဒ္ဒလက်ထက်က ရဟန်းတော်တွေအတွက် နေစရာ စားစရာမပူရပါဘူး...ခုခေတ်မှာတော့
နေစရာက တော်တော်ကို လိုအပ်နေပြီ ဒေလီရောက်တော့ အိမ်ခန်းငှားရပြီး အိုးခွက် ပုဂံ ဟင်းစားကမကျန်
ဝယ်ရပြီ ...ဒါနဲ့ စာရေးသူ ကပြောလိုက်တယ် သူငယ်ချင်းတို့ရေ ဒို့ မြန်မာမှာနေတုံးက လူတွေ
အိမ်ထောင်တစ်ခု တည် ထောင်တာ ဘယ်လောက်ခက်ခဲ့တယ်ဆို ဒို့မသိခဲ့ဘူး ခုတော့
ဒိုသိလိုက်ရပြိကွာ....ဆိုပြီးပြောလိုက်တော့ ဟုတ်သား အခုကြည့်ပါလား ရာသီဥတုက ပူတော့
လေအေးဆက်က အစ ၀ယ်ရပြီ ဒို့မှာ အိမ်ထောင်မပြုတာပဲရှိတယ် ၀ယ်ရပြုရတာက အကုန် အိပ်တစ်အိပ်မှာ
လိုအပ်တဲ့အတိုင်း ၀ယ်နေရပြီ လို သူငယ်ချင်း တစ်ပါးက ပြန်ပြောရင်း ရီခဲ့ကြသေးတယ်..တကယ်ဆို
ဟုတ်လည်းဟုတ်ပါတယ် ကိုယ်တိုင်ဆွမ်းချက် ကိုယ်တိုင်ဈေးသွားပြီး လှုပ်ရှားရတယ်.
အသားဟင်းစားချင်ပေမယ့် မစားရသေးဘူး ဒကာတစ်ယောက် ၀ယ်ယူခဲ့မှ စားရတယ်.... ဒါပေမယ့်
စိတ်ဓါတ်မကျပါဘူး...အချိန်တန်သင်တန်းသွား ပြန်လာရင် တစ်ယောက်နဲ့ တစ်ယောက် သိပ်
စကားပြောဖြစ်တယ်ဆိုတာတောင်မရှိပါဘူး။ ဒါပေမယ့် အသံတစ်ခုတော့ ကြားနေရတယ် ဘာသံလဲဆိုတော့
ကီးဘုတ်အသံနဲ့ မောက်စ်ခေါက်သံတို့သည်.......ည နှစ်ခါရီကျော်တဲ့အထိ ကျုပ်တို့နေတဲ့
အခန်းမှကြားနေရသော အသံတစ်ခုဖြစ်သည်။
ကံဆိုမသား သွားရာလမ်းမိုးလိုက်ရွာ ဆိုသလို စာရေးသူ သူငယ်ချင်းတွေက ဒေလီ
အိမ်ခန်းငှားရမယ်ဆိုပြီး ကြိုတင်သွားနှင်းကြတယ် စာရေးသူက မပြီးဆုံးသေးတဲ့ စာမေးပွဲကို စောင့်နေရင်
သူငယ်ချင်းတွေကို ရထားဘူတာလိုက်ပို့ပေးတော့ ပြန်လာ ငှားလာတဲ့ကားက ဘိန်းပေါက်..
ပိုက်ဆံအိပ်မေ့ကျန်ခဲ့လို့ ပြန်သွားရနဲ့ အလုပ်က တော်တော်ကို ရှုပ်ထွေးသွားခဲ့တယ်။ စာရေးသူ
စာမေးပွဲပြီးလို့ ဒေလီကို ရောက်ပြန်တော့ အိမ်ခန်းကတော့ ကြိုတင်ငှားထားတော့ အဆင်သင့်ဖြစ်နေတယ်။
ငှားထားတဲ့အိမ်မှာ အင်တာနက်တပ်မယ် လုပ်တော့ ကုမ္ပဏီက ထောင့်ခံချက်ပေးရမယ့် ကုမ္ပဏီက
ဘန်အကောင့်မိတ္တူပေးရမယ်နဲ့ အဆင်မပြေနိုင်တာတွေဖြစ်လာခဲ့တယ် ..... အင်တာနက်ကလည်း
မရှိလို့မဖြစ် တစ်ခုခု လိုအပ်လာရင် အင်တာနက်ကိုပဲ အားကိုးရနေတယ်။ ဒါနဲ့ အိမ်ရှင်
ကုလားရောက်လာတော့ မင်းတို့အဆင်ပြေလားလို့လားမေးတယ်။ ငါတို့နေရတာ အဆင်ပြေပါတယ်။ ဒါနဲ့
ခင်ဗျား မြန်မာကော်ဖီ သောက်ပါ ဆိုပြီး သူကို ဧဥ့်ခံစားတယ်။ ဘေးနားက ကိုတော်တစ်ပါး VZO ဖွင့်ပြီး
သူငယ်ချင်းတစ်ပါးနဲ့ ကြည့်နေတာမြင်တော့ မင်းဘာလုပ်တာလဲ ဘယ်သူနဲ့ပြောနေတာလဲ လို့ ကုလားက
မေးတော့ စာရေးသူက သူ သူငယ်ချင်းနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်နေတာပါ။ တစ်ခါတလေ
မိသားစုတွေနဲ့ဒီကနေတွေ့ရတယ်။
ခဏနေတော့ ကွန်နယ်ရှင်းကျသွားတော့ ကုလားက ထပ်မေးတယ် သူငယ်ချင်းပြန်သွားပြီးလားတဲ့
မပြန်သေးဘူး သူ သူငယ်ချင်းရှိသေးတယ် ဒါဆို သူကိုငါမမြင်ပါလားတဲ့။ မင်းဘယ်လိုလုပ်မြင်ရမှာလဲ အခု
ကွန်နယ်ရှင်းက မကောင်းတော့ဘူး ဒါကြောင်းမမြင်ရတော့ဘူး ကောင်းအောင်ဘယ်လိုလုပ်ရမှာလဲ
လို့အိမ်ရှင်ကုလားက မေးတော့ ဘယ်လိုလုပ်ရမှာလဲ ထိုင်စောင့်နေရုံပေါ့ လို့ပြောလိုက်တယ်။ မင်းငါတို့ကို
တစ်ခု ကူညီနိုင်မှာလား လို့ အိမ်ရှင် ကုလားကို အကူအညီတောင်းတော့ ဘာကူညီရမှာလဲ အကူအညီ
လိုရင်ပြောပါလို့ အိမ်ရှင်ကုလားကပြောတော့ စာရေးသူက မင်းကူညီမယ်ဆိုရင် ငါတို့ အင်တာနက်
တပ်ချင်တယ်။ ဒါပေမယ့် အင်တာနက်ကုမ္ပဏီက ငါတို့ထံမှာ ငါတို့ကုမ္ပဏီ ထောက်ခံချက်နဲ့ ငါတို့ကုမ္ပဏီရဲ့
ဘန်အကောင့်ကိုတောင်းနေတယ်။ ငါတို့က ဘုန်းကြီးတွေ အခု အိန္ဒိယမှာ ကျောင်းတက်နေတာ ကုမ္ပဏီ
ကိုတော့ အသံကြားဖူးတယ်။ ကုမ္ပဏီဆိုတာ ငါတို့မသိဘူး ကုမ္ပဏီဘန်အကောင့်ဆိုတာလဲ ငါမသိဘူး ငါတို့
တစ်ခုမှ အင်တာနက်ကုမ္ပဏီကို မပေးနိုင်ဘူး။ ဒါကြောင့် ငါတို့ အခု မိသားစု ဝေးနေရတယ် သူငယ်ချင်းတွေနဲ့
ဝေးနေရတယ်။ ကွန်ပျူတာနဲ့ပါတ်သင့်တယ် အကြောင်းအရာတွေ လိုချင်ရင် ငါတို့မှာ အင်တာနက်ကနေ
ရှာရတယ် အခု ငါတို့ အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီ။။ ခုမင်းကြည့်ပါလား ငါတို့
အက်တာနက် ပြောနေတာတွေက ဖုန်းနဲ့ ဒေါင်းလုံးတစ်ခု လုပ်မယ်ဆိုရင် ငါတို့မလုပ်နိုင်ဘူးလို့ပြောလိုက်
တော့ အိမ်ရှင်ကုလား အကူအညီပေးလို့ အင်တာနက်ရလိုက်ပြီ။
အခုတော့ စာရေးသူတို့ သူငယ်ချင်းလေးပါး ၀ါသနာပါတဲ့ ကွန်ပျူတာ ပညာကို
အေးဆေးစွာသင်ယူနေကြပါပြီ။
အဘက်ဘက်က ထောင့်ပံ့ပြေးကြတဲ့ ဒကားကာမတွေရယ်။ ပိုက်ဆံလိုရင် လိုလေသေးမရှိအောင်
ချီးငှာပေးကြတဲ့ တက္ကသိုလ်မှ သူငယ်ချင်းတွေရယ် နယူးဒေလီကို ရောက်လို့ အဘက်ဘက်က ကူညီပေးကြတဲ့
ဒကာ တွေကို ကျေးဇူးအထူးတင်ရှိပါတယ်...............။
(အဖရခိုင်)
Saturday, 9 July 2011
ဘုန်းကြီးနှင့် ITပညာ
Posted by fatherarankan at 13:49
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment