မုန်တိုင်းမိုးသတ်ဟုတ်လာရေ
နယုန်မိုးစက် စီလတ်တေ။
အရှိလီစို ချီလာရေ
ဝါးရုံတောမှာ ပြွီမှုတ်တေ။
ပန်းပွင့်သျှေတရွီ ထွက်လာရေ
ထွက်တေနီရာ ဇာကမသိ
မြက်ခင်းပြင်မှာ ကကွက်ဆင်ကေတအိအိ။
အိုအမင်---
အကျွန်ထင်ရေ အမှန်တွေးမိ
ဒေပန်းပွင့်သျှေရို့စွာ
မြီအောက်ကျောင်းမှာ တတ်လာမသိ။
ထိုသူရို့၏ ကျောင်းဝိဟာ
တန်းခါးပိတ်လို့ စာသင်ပါ
သင်ခန်းစာမပြီးဆုံး
ကစပ်ချင်ရေ တရုန်းရုန်း
အားလုံးထကပ် ဂျောင်မှာရပ်
သူရို့ဆရာ ကျောင်းမလွှတ်။
မိုးမပြတ်တမ်း ရွာလို့လာ
သူရို့ကျောင်းပိတ်ဗျာ
တောထဲမှာ သစ်ကိုင်းခက်
အချင်းချင်း ချက်လီယက်
သစ်ရွက်တဖြတ်ဖြတ် လှုပ်ခတ်ချိန်
လီရှုးလိုက်လို့နိန်။
မိုးကြိုးဝရဇိန် လက်ခုတ်ခတ်
ပန်းဖုသျှေတိပြီးထွက်လတ်
အဝတ်ရောင်စုံပတ်လို့ပါ
ပန်းနုရောင်နန့် ဖြူအဝါ။
ကြယ်ရို့စွာပန်းဇာတိ
အာကာပြည်မာ တည်လို့ဟိ
မသိပါလားအိုအမင်
မမြင်ဖူးလားယင်
အိမ်ပြန်ချင်တဖြတ်ဖြတ်
ဘဇောင်ပျာယာခတ်။
မတ်တပ်ရပ်လို့ လက်မြှောက်ကြို
သူရို့အမိကို
လိုက်ဖို့ဆိုဗျာ ငိုလို့တောင်း
အကျွန်ထင်မိကြောင်း။
ငါ့မာအမိ အမင်ဟိရပိုင်
သူရို့မှာအမိ အမင်ဟိနိုင်ရေ ဟိကတ်တေ။
(စာရေးသူ…ကလောင်နီ။ မြောက်ဦး။)
0 comments:
Post a Comment