မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Friday, 12 August 2011

လွဲချော်ခြင်း

ရင်ဖတ်ကြီး ကျန်းကျန်းခေါက်ခေါက်
ယင်းချင့်နန့်လား
တေးခြင်းဆိုဖို့။

စက္ကူလောင်းချေထဲက
အမြောက်သံတဒိန်းဒိန်း
ကြားလား။

မောင်းတဒူဒူခတ်လို့
သူ့ကိုယ်သူ ‘နက်ဖြန်’ လတ်
အတိတ်က။

နောက်ကျလို့လည်း ထ
မျက်နှာတောင် မသစ်ခ
သမိုင်းမှာ တစ်နိန်ရာစာအတွက်
လျှာရည်တသောသောနန့်။

ကြည့်လိုက်ချက်
လက်ခုတပ်တစ်လူလူနန့်
နောက်ပြန် နောက်ပြန်
ခြင်္သေ့လတ်ထော။
ဇာတ်သိမ်းခါမှ
ကမ္မည်းထိုးချင်ကေ
‘ပြီးပါပြီ’
အရာဇာမျှော်လင့်နိန်သိမ့်လေ
ယော…..။

(စာရေးသူ…နောင်အေး)

0 comments: