မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Monday, 22 August 2011

အားကျခြင်း

အလမ္ပါယ်က
အစွယ်ချိုးနှုတ် အဆိတ်ထုတ်ပနာ
ပခြုပ်ထဲ တည့်ထားကေလေ့
ပါးပျဉ်တထောင်ထောင်နန့်
ဟန်ဆောင်ပန်ဆောင်
မာန်ယောင်ပြနီရေ မြွီဟောက်။

သတ်စားဖို့ မွီးစပ်ထားစွာဘဝမှာ
အကာကိုပျံတက်ဖို့
အသုံးမကျရေ အတောင်နှစ်ဘက်ကို
တဘုံးဘုံးခတ်ပျာ
မာနချေ တခွဲသားနန့်
ဝင့်ကြွားတွန်ကျူးနီရေ ကြက်ဖ။

လူတိက တအံ့တသြနန့်
ငေးမောကြည့်ရှု ခံရရေ
ဖူဂျီယာမာ မီးငြိမ်းတောင်။

ယေကေလေ့-
မြောင်ထဲက ရမြွီချေပင်ဖြစ်ဖြစ်
တောထဲက ပျောင်ချေပင်ဖြစ်ဖြစ်
တောင်ပေါက်စ နဂါးပွတ်အိုင်ချေပင်ဖြစ်ဖြစ်။
(စာရေးသူ --- စစ်တွေ စောနောင်)

0 comments: