အဥခွံဖေါက်ခွဲ ငေါက်ကနဲထွက်လာ
မင်း --- ငါ ဒေကမ္ဘာလူသား
အမှန်နန့်အမှား အပြန်နန့်အလား
အရာရာကို အားယူကြိုးစား
ကြိုးစားမှ သောကကျော်လွှား။
ဒုက္ခကို သကာလူးဗျယ်
ပန်ဖူးရောက်အောင်ကြိုးစား
မဖြစ်နိုင်ရေတရား မဖြစ်သိလို့ယုံထား
လှုပ်ယှားမှု ဒဿန
သမင်လည်းရ တောကျွမ်းဝဗျယ်
ညောင်းသမျှ မိန့်ထား။
အချိန်နာရီးမှာ ဘူတာဆိုစွာမရှိ
ကြက်ကန်းဆန်အိုးတွိပိုင် ပရုံးနရုံးလှုပ်ယှား။
သောကဆိုစွာ
ဒုက္ခမှာလည်းဟိ သုခမှာလည်းထွိ
အဘိဓမ္မာတရား ပဋိသန္တာရကား
မှိုင်စွန်လို့ ပျော်သူများ
ကမ်းထောင်းနန့်ပြိုင် အနိုင်ရရေးလောင်းများ
အမှောင်တံခါးကိုခေါက် ဝင်ပေါက်ကပြန်စ
လာလမ်းက ထွက်
ဖော့သသော့ လောကအမြင်နန့်
နောက်ဆုံးအဝင် ပန်းတိုင်က
မရဏ ဘဝ။
(စာရေးသူ --- မြတ်သာထွန်း)
0 comments:
Post a Comment