ဖိုးခေါင်းတောင်တန်းစွာ
အိပ်ရာထခါစ၊ အပျိုသျှင်ပိုင်
မဆင်မပျင် လှနိန်လီယင့်။
ကစ္ဆပနဒီ၏
ဒေါသကြီးဘိ လှိုင်းလုံး
ခါးသီးစွာပြုံးနီ၊ ကမ်းမြောင်မြီ။
ဓညဒွါရာ
ရမ္မာမေဃ၊ လှပမှုတိ
မြတ်နိုင်းမှုတိ၊ ဖြားရီမြင့်သစ်
ရာစုခေတ်များနန့်အပြိုင်။
ယေဓမ္မာဟေတု ပဘဝ --- ။
ဗုဒ္ဓ၏ဒေသနာ
မဟာမုနိပုံရိပ်
သေလာဂီရိတောင်ထိပ်က
ထွန်းပရေ အလင်းရောင်
နှစ်ပေါင်းထောင်ချီခဗျာလေ။
မာရယုအစ
‘သမာတရာဇာ’ အဆုံး
အားလုံးသောမင်းများ ထားခရေအမွီ
စာပီဂီတ၊ အနုသုခုမ
ယဉ်ကျေးမှု ပြယုဂ်တိစွာ
မျာက်မှောက်ကာလ၏ ပိုင်သျှင်မဟိပစ္စည်းပိုင်။
သျှစ်သောင်း ထုက္ကန်
ဆံတော်ဘုရား၊ မာန်ငါးပါး
များလှရေအမွီ၊ ရတနာရွှီမြီမှာ
လုံခြုံမှု ကင်းဝီးနီတုံး။
“နီမင်းကြီးဝင်လားဗျာယ်ကာလို့
လွမ်းဆွတ်တသ မျက်ရည်ကျနီကေ
ကြယ်သျှေတိနန့်ပါလွဲရလိမ့်မေ” ဆိုရေ
တဂိုး၏ကဗျာ နှိုးခလိုက်ပါဖိ။
(စာရေးသူ --- ကြူးသစ်၊ မင်းပြား)
0 comments:
Post a Comment