မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Wednesday, 17 August 2011

လူမမာ

‘လ’က ခိုးယူထားရေအလှနန့်
ကမ္ဘာကို ဖျားယောင်း
ပင်လယ်ရို့ ကခုန်လို့ကောင်းတုန်း
မုန်တိုင်းက ယူနီဖောင်းအပြည့်နန့်
ဇကုန်ခြစ်ယူလားခဗျယ်။

ယင်းပိုင်နန့်
ရာသီမြစ်လေ့ အထပ်ထပ်တိုက်စား
ရွှီရည်စမ် အစိုင်းစား
နာရီပျက်တစ်လုံးထဲ ဝင်အိပ်
အလယ်သတ်တန်းစား အသိတရားက
ရက်ပြတ်ရက်ပြတ်ရှတ် --- ရှက်ပြရရေ။

တစ်ခါက အံပစ်ချင်ရေ မသတီစွာနန့်
သကြားကွပ် မုသားကိုမျိုချ
ယုတ်ညံ့စွာက ပရိုမီနာပါးပါးနှိမ်း
ငါ့ဂုတ်ထက် ဂွစီးလို့။
ဇဝေဇဝါဖြစ်စွာနန့်
နိစိုင်သုံးစကားကို ကျုံ့ပစ်
တွိလူတိုင်းကို ပြုံးပြဖြစ်တေခါ
လောင်ပေါ်စာရွက်ဟောင်းတစ်ချို့
ဝန်ဆောင်မှုအထုပ်အပိုးရို့
ခွီးခြီးအပျက်မှာ ပုံလို့။

ပွဲမပြီးခင်မှာ
ငါ့ကိုယ်ငါ
ရက်ပြတ်ရက်ပြတ်
လေးစားပြရ
ရက်ပြတ်ရက်ပြတ် ပြုံးပြရ
ရက်ပြတ်ရက်ပြတ်
အော်ငေါက်ပစ်ရ
ရက်ပြတ်ရက်ပြတ် နှစ်သိမ့်ရ
ယင်းပိုင်နန့်
ကွဲကြီးစုတ်ပြတ်
သွပ်သွပ်ခါမရူးဖို့
ရက်ပြတ်ရက်ပြတ်
ခေါင်းခါပစ်နိန်ရယင့်။
(စာရေးသူ --- လူသာမောင်)

0 comments: