သူ့ကိုလိုက်ပို့ခရေ
တာယာစလိမ့်ဗျယ်လေ
နို့ခင်းကြောင်တောင် ကောင်းကင်ပြုတ်ကျပါယင့်
ဇာလောက်ကြာဖို့လေးယေ
ပင်လယ်ရိုးမ စက္ကူဖြစ်လားဖို့ပ။
အို --- အမင်
ဒေသားသျှေ လွမ်းဖို့သက်သက်လူဖြစ်လာရရေ
သွီးထဲကတောအုပ်လေး ကျကွဲခဗျာယ်
ညှဥ့်တိကသောက်လို့မယစ်နိုင်
အန်ဖတ်တိရာ အိမ်မက်ဖြစ်လီယင့်။
နောက်ဆုံးကြိုးမျှင်သျှေ
ပန်းကုံးဖြစ်နိုင်ဖို့သိလား။
ကြင်နာနှုတ်ဆက်
ပြီးကေ ပါးကိုဖေါက်ခနဲသတ်ပစ်ကတ်
ပွဲလယ်ကောင်မှာ မျက်ရည်ကျရဲပါရေ
ဒေချင့်ဇာတ်ဝန်ခန်း မဟုတ်ဝေ။
နောက်ဆုံးမှာတော့ခါ
လှီကားရင်းမှာ
ဒေကောင် ပြောနိန်ကျစကား
‘ရပါရေ’
လားပါလီ ပျံပါလီ။
(စာရေးသူ --- မောင်ခိုင်အောင်)
0 comments:
Post a Comment