ရခိုင်အမွီ၊ မြောက်ဦးမြီမာ
ကျောက်စာပီစာ၊ ဇာတီဘုရား
ကျောက်သားလက်ရာ၊ နုပညာရို့
ထိုမှာထွင်းဖြို၊ ဒေမှာပြိုပျက်
ခိုးဝှက်ယူငင်၊ အမြင်မကောင်း
တထောင်းမွကြွီ၊ မြီမှာဝပ်စင်း
ကြင်းဆန်းကြင်းလို့ ဟိနီယင့်။
တံတိုင်းပျက်ပြို၊ နန်းရာအိုနန့်
ကျုံးကိုမြေဖို့၊ လူရို့အိမ်ဆောက်
ကျုံးရာပျော်လု ဟိနီယင့်။
ဒေနိချိန်ခါ၊ မြီနန်းရာကို
ဖွီရှာသုံးသပ်၊ တူးကပ်ဖေါ်ကတ်
လေ့လာကတ်နန့်၊ လားကတ်လာကတ်
ကြည့်ရှု့ကတ်နန့်၊ ရှုချခတ်လို့ ဟိနီယင့်။
ထိုထိုရာရာ၊ အဖြာဖြာကို
မကြာတစ်ခေါက်၊ အလည်ရောက်လို့
မျက်မှောက်ထင်ထင်၊ လက်တွိမြင်အောင်
အယင်လာလို့လည်ပါလတ်။
သို့သော် အတိတ်ကိုလွမ်း၊ ငိုယိုတမ်းလို့
လွမ်းခြင်းဆိုဖို့မဟုတ်ပါ။
ရာဇဝင်ဟောင်း၊ သမိုင်းကြောင်းကို
မညောင်းမပန်း၊ ဖြီးဖြန်းယမ်းတုတ်
ဟိတ်ဟန်လုပ်လို့၊ လီပန်းကတ်ဖို့မဟုတ်ပါ။
လေ့လာဖို့ဟု၊ ကြောင်းပြုထုတ်ဖေါ်
အပျောက်သဘော၊ တသောသောပင်
ရယ်မောပျော်လိုက်၊ ဓါတ်ပုံရိုက်ခံ
အိမ်ပြန်ကြဦးမဟုတ်ပါ။
နိုင်ရာပိုင်ရာ၊ ဒေတနာနန့်
ပြည်ရွာအတွက်၊ လက်တွိတစ်ခု
အကျိုးပြု့ဖို့၊ အဓိဌာန်လို့ လာလည်ပါ။
(စာရေးသူ --- မွှီးကြိုင်)
0 comments:
Post a Comment