ရခိုင်သမိုက်၊ ကနက်စိုက်
မြောက်ဥခေတ်ကို၊ မြင်ယောက်ရေ။
မြို့ရိုးနန်းက၊ ကျီ-ပြ၊ တံတိုင်
အံ့လှိုင်းကျုံးမြောင်း၊ ခံတပ်ပေါင်း
တင့်တောင်းအင်အား၊ ဝင့်ကြွားဖွယ်။
တောင်စဉ်ရံပတ်၊ မြီမလပ်
ထွဋ်မြတ်သရီ၊ မဏညီ
မွန်းချီလှပ၊ သာစွာလေ။
ရခိုင်ညွန့်ဖူး၊ မြောက်ဥမှန်ကင်း
အာဏာချင်းရေ၊ ပြည်ထောင်မင်း။
ဖက်ကင်းတုနှိုင်း၊ ခံ့ကျိုင်းအကျော်
မဟော်မြတ်ဥာဏ်၊ ဖြိုးပြည့်ရံ
ရွှီလျံရောင်ခပ်၊ အံ့တမွတ်။
ရခိုင်မြောက်ဥ၊ မွန်ကြယ်မြူး
ဧလျက်ပျံ့ပျူး၊ ကြည်နူးရေ။
ချီးကျူးအံ့သြ၊ သာတမော
တွက်စားမိန့်မော၊ ကျွန့်မနော
စောစောလွန့်လူး၊ လှိုင်းဂယက်မူး
ဝမ်းနူးမပြယ်၊ နိဒါန်းသွယ်
ရင်ဝယ်ခံစား၊ မိခရေလေ။
မြောက်ဥတစ်ဖြစ်၊ ထွန်းပေါ်လှစ်ကေ
ရင်နှင့်ပျော်မြူး၊ ဖော်ကျူးရရေ။
(စာရေးသူ…နတ်မြစ်-စန်းအောင်)
0 comments:
Post a Comment