ကဗျာဆရာ
အသပြာဗလာ
မရေမရာ
တစ်ချက်မှောက်ကံကြမ္မာ
ယတြာလဲမစွမ်း
စမ်းမတွိ။
ဝါသနာအရင်းအနှီးက
အသပြာထမင်းမပီးခ
ဝမ်းမီးနန့်ခံယူချက်
အဖက်မညီ၊ အခြီမလှ
ဂဟဇာ “ချပိတ်” ကျလို့
“ဖျာလိပ်” ချင်ဗျာယ်လာ
သိက္ခာနန့်ဗြဟ္မစိုရ်
ရောကြိုဗျာယ် မျိုချပလိုက်။
သိက္ခာလွတ်မလားဖို့အတွက်
ရက္ခာပြတ်နိန်ရေဘဝမှာ
ဆန္ဒတိပျို့တက်နိန်လာ
အာခေါင်တွင်းက
‘ချင်ခြင်း’ ကို လက်ထိုးအန်ပလိုက်။
ဟိုတယ်၊ မိုတယ်၊ ရက်စတော့ရင့်ရို့အလယ်မှာ
အားငယ်ဗျာယ်ထယောင်နိန်လာ
လရောင်းကိုအမြည်းလုပ်
‘တင်ဖြုတ်’ မှာ မြောင်ရီဝှက်
‘လက်မကိုက်’ မော့ချပလိုက်။
အက်(စ်)အီးနန့်ကော်ရှိလာ
ပါဂျရို၊ မာစီဒီး
အိမ်မက်ပီးဗျယ် ခြောက်နိန်လာ
ဖေါက်နိန်ရေစိတ်ကို ခြွန်းအုပ်
ကွမ်းပြုတ်ရည်နန့် ချွေးထုတ်ပိုလိုက်။
ကိုင်း၊ ……………………………………။
(စာရေးသူ….လှိုင်း၊ ကစ္ဆပ၊)
0 comments:
Post a Comment