မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Thursday, 1 September 2011

မင်္ဂလာပါ

မင်္ဂလာပါ မိုးထက်စောစောအချိန်ခါ
ဘုရားတရားမြတ်သင်္ဃာ မိဘဆရာရတနာ
လက်အုပ်ချီဗျာ ကန်တော့ပါ --။

ညီတူညီညာ ၀တ်ဆင်ကာ
ကျောင်းသင်ခန်းစာ စာပညာ
တတ်အောင်ကျွမ်းအောင် သင်ယူပါ --။

သားကောင်းသမီးကောင်း ရတနာ
နိုင်ငံတေးကို သီဆိုဗျာ
အောင်လံတော်ကို ထမ်းချီပါ --။

ကျက်သရည်ဂုဏ် အဖြာဖြာ
ရက်မြတ်ချိန်ခါ မင်္ဂလာပါ --။

ခိုင်မြသိန်း (ချောင်သာကြီး)
ဂျူလိုင်လ ၃ ရက်၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

0 comments: