မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Thursday, 1 September 2011

ပြည်သူ့ဆန္ဒ

ဆလိမ်သားထင်း လုံးတိထမင်း
မိုဟင်းရွက်ပြင်း ဟင်းရည်ပြုတ်
ငပိဖုတ် ငရုပ်ကြိတ်တခွက်
သူရို့အတွက် အသက်ဆက်စရာ
နတ္ထိဗလာ နောင်ရေးကမ္ဘာ
မွဲပြာဆင်းရဲ ငရဲတွင်းကျ
ဘ၀နင်းပြား ကျမန့်ကောင်းသား --။

ဖိစီးလာရေသောက ဒေါသကဖြိုမရ
ပြည်သူ့ဆန္ဒ တချက်ဦးဆောင်လမ်းပြ
လိုက်မည်နောက်က --။

ကျွန်ဘ၀ကို မီးလျှို့သင်းဂြိုလ်
မြင့်မှိုရ်ရိုးမ တိုင်းဓည
မုတ်ချလွတ်မြောက်ရလိမ္မည် --။

ခိုင်မြသိန်း (ချောင်းသာကြီး)
သြဂုတ်လ ၁ ရက်၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊အိန္ဒီယာ။

0 comments: