မှန်ကန်သော သဘောတရားသည် တိမ်မြုပ်ပျောက်ကွယ်သည်ဟူ၍မယှိ။ အနှေးနှင့်အမြန်ပြန်လည်ပေါ်ပေါက်လာရစမြဲပေတည်း။..

Monday, 11 July 2011

"အကျွန်ရို့မြို့"

အကျွန့်နီရာ၊ မြို့မည်မှာကား
သာယာစည်ကား၊ မြို့မင်းပြားတည်း။

အရှိဖက်တွင်၊ စိမ်းစိုလွင်၍
ရီပြင်လှိုင်းကြွ၊ ရာမောင်လှနင့်
အနောက်မျော်မှန်း၊ ကျိန်းတောင်တန်းဝယ်
ထူးဆန်းမြတ်စွာ၊ ဓာတ်ဇီဝှါစပ်
ရောင်ဝါကွန့်မြူး၊ ဓာတ်တောင်ထူးကို
ကြည်နူးဦးချ၊ ဖူးမ၀တည်။


တောင်ခြီတလျှောက်၊ တည်ဗျာလ်ဆောင်လို့
မှတ်လောက်စရာ၊ ကျောင်းဝိဟာတွင်
သံဃာထေရ်မွန်၊ စာကျက်သံနန့်
ရုပ်နာမ်နှစ်ဖြာ၊ ရှုမှတ်ကာဖြင့်
သာသနာကျိုး၊ ထမ်းဆောင်ပိုးသည်
အမျိုးတာသာ၊ ရှည်မြင့်ကြာအံ့။

အကျွန့်မြို့ရွာ၊ ရှုခင်းသာကို
ကဗျာရသ၊ စာဖွဲ့ကြလည်း
ဆုံးစမမြင်၊ အံ့ဖွယ်ပင်တည်း။

ကျိန်းရိပ်မြေမဂ္ဂဇင်း (ကြိုင်ထွန်းလင်း)

0 comments: