တိမ်းစောင်းကမ္ဘာကို
ထိန်းကျောင်းဖို့ကိရိယာ
လက်
လူ
လုပ်အား
ဆာလောင်မွတ်သိပ်စွာလိုအပ်။
ဘာဒလီတောင်ပံအိုစုံး
စက်မှုနိုင်ငံတိသောက်သုံး
တဆတ်ဆတ်နဲ့ ပေါက်ပြဲလာ
နီးမင်းမှာအာခြောက်
ရီချည်း အတန့်မရသော်နီယင့်။
တောတောင်တိဆံမုတ်ဆိတ်ကို
ရိတ်ချင်သူရိတ်
နှုတ်ချင်သူနှုတ် သူတော်မရုပ်ပေါက်လို့
ဂရိမ်းပိစ်တိုင်သား မျက်ရည်သုတ်ရ။
မှော်ဆရာတိက
သူ့အင်းကွတ်တိကို မီးတိုက်လိုတိုက်
သိုက်ဆရာတိကလဲ
ဘ-နဖူးကိုပါ မကျန်တူး
မြီကြီးနဖူး ရုပ်ပျက်ဆင်းပျက်
ဒါဏ်ရာဒါဏ်ချက်နန့် ကြိုင်းနီယင့်။
အို ………လူသား
မသနားကတ်ပျက်လား
အသနားခံတိုးလျှိုးကေလဲ
လောဘ ကင်း ချောင်းတိရောတပ်တိုး
ယေနဲ့----စာရိတ္တရီပူအိုး
ဆူပွက်မှု တိုးပြီးယင်းတိုးယင်း
တိုးနီယင့် ထော။
(စာရေးသူ…ခိုင်လူ၊ ရိုးမ၊)
0 comments:
Post a Comment